
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၇ ရက်
၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်ကို ရွပ်ရွပ်ချွံချွံတော်လှန်ရင်း ကျဆုံး ခဲ့ကြသည့် တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်တော် (TNLA) တပ်ဖွဲ့ဝင်များနှင့် ပူပေါင်း တပ်ဖွဲ့များအားရည်စူး၍ ယနေ့ အောက်တိုဘာလ ၂၇ ရက် ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်တွင် အလှူ ဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ကျဆုံးသွားသူများသည် မြန်မာနိုင်ငံပြည်တွင်းရှိ တိုင်းရင်းသားပြည်သူလူထုများအား ရက်ရက် စက်စက်သတ်ဖြတ်နေသည့် အာဏာရှင်စစ်ကောင်စီတပ် အမြစ်ပြတ်ချေမှုန်းရေး၊ စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အာဏာရှင်စစ်ကောင်စီတပ်အား ရွပ်ရွပ်ချွံချွံတော်လှန်တိုက် ခိုက်ရင်း အသက်ပေးလှူခဲ့ကြခြင်းဖြစ်သည်ဟု TNLA ကထုတ်ပြန်ထားသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် PSLF/TNLA၊ MNTJP/MNDAA နှင့် ULA/AA တို့ ဦးဆောင်စတင်ခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ အောက်တိုဘာလ ၂၇ ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေးတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်အတူနွေတော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ ပူပေါင်းပါ၀င်ဆင်နွှဲခဲ့သော စစ်ဆင်ရေးလည်း ဖြစ်ကြောင်း TNLA ကဆိုသည်။
တအာင်းတပ်မတော်သည် ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)တွင် စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနှင့် မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)တွင်လည်း လက်ကျန်မြို့ဖြစ်သည့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ယခုအချိန်တွင် တောင်ခမ်း စခန်းကိုသာ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိသည်။
စစ်ဆင်ရေးတစ်နှစ်တာအတွင်း ကိုယ်ကျိုးမငဲ့ဘဲ အာဏာရှင်စစ်အုပ်စုများကို ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင် တော်လှန်တိုက်ခိုက်ပြီး အသက်၊ သွေး၊ ချွေးနှင့် ကိုယ်လက်အင်္ဂါ ပေးလှူသွားခဲ့ကြသည့် PSLF/TNLA တပ်မတော်သားများနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအား မိမိတို့ TNLA နှင့် မိဘပြည်သူ လူထုများမှ အစဥ်အောက်မေ့ဂုဏ်ယူကာသမိုင်းမှတ်တမ်းတင်အပ်ပါကြောင်း TNLA က ဆိုသည်။
ဓာတ်ပုံ-TNLA
#TNLA #တော်လှန်ရေး #ကျဆုံး #တပ်ဖွဲ့ဝင်များ #ရည်းစူး #တစ်နှစ်ပြည့် #ကုသိုလ် #Ayeyarwaddy_Times