ဧရာဝတီတိုင်းမ်
အောာက်တိုဘာ ၂၅ ရက်

အရပ်သားပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်ရေးများဆက်တိုက်လုပ်ဆောင်နေသာ မြန်မာ့စစ်တပ်ထံ လေယာဉ်ဆီနှင့်စစ်လက်နက်များရောင်းချခြင်းမပြုရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီထံ တောင်းဆိုကြောင်း ယမန်နေ့တွင် Fortify Rights က ထုတ်ပြန်သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်ထံလေယာဉ်လောင်စာဆီနှင့် စစ်လက်နက်များ ထောက်ပံ့မှုအပေါ် အလျင်အမြန်ပိတ်ဆို့အရေးယူသင့်ကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

“ မြန်မာစစ်ကောင်စီဟာ ပြစ်ဒဏ်ခံရခြင်းလုံးဝမရှိဘဲ သူတို့ရဲ့ဂျက်လေယာဉ်တွေနဲ့ အရပ်သားပြည်သူတွေအပေါ် ဆက်လက်တိုက်ခိုက်ဖိနှိပ်နေတာကို တစ်ကမ္ဘာလုံးက နှုတ်ဆိက်ကာကြည့်နေဆဲပါပဲ” ဟု Fortify Rights မှ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ ချစ်ဆိုင်းက ပြောကြားသည်။

လက်ရှိတွင်စစ်ကောင်စီဆုံးရှုံးထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရုံးစိုက်ရာ ရှမ်းပြည်နယ်( မြောက်ပိုင်း) လာရှိုးမြို့အတွင်း ယခုရက်ပိုင်းတွင်ဆက်တိုက်လေယာဉ်ဖြင့်ဗုံးကြဲချမှုကြောင့် နာမည်ကြီး ရိုးရာအရက်ချက်စက်ရုံနှင့် ရွှေမြင်းနှစ်ကောင် ဓာတ်ခဲစက်ရုံပျက်စီးသွားပြီး လူသေဆုံးသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီလေယာဉ်ဆီရောင်းချသည့်နိုင်ငံများတွင် စင်ကာပူ၊ တရုတ်၊ ယူအေအီး၊ ဗီယက်နမ်နိုင်ငံများထံမှ လမ်းကြောင်းအသစ်များဖြင့် မြန်မာနိုင်ငံထံရောက်ရှိလာကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ( AI ) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဇွန်လအထိ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကလေး ၃၃၄ ဦး အပါအဝင် အရပ်သား ၂၄၁၄ ဦးပါဝင်ပြီး ထိုထဲမှ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆၃၃ ဦးသေဆုံးပြီး လက်နက်ကြီးထိမှန်မှုကြောင့် အရပ်သား ၆၃၇ ဦးသေဆုံးကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး ( OHCHR) ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – လူမှူကွန်ရက်
#စစ်ကောင်စီထံ‌လေယာဉ်ဆီမရောင်းရန် #လူ့အခွင့်အရေးအဖွဲ့တောင်းဆို #Fortify Rights #ကုမလုံခြုံရေးကောင်စီ
#Ayeyarwaddy_Times