
ဧရာဝတီတိုင်းမ်
အောက်တိုဘာ၂၆ ရက်
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့သတင်းတွေကို သမ္မတ ဗလာဒီမာပူ တင်က မငြင်းဆန်ခဲ့ဘူးလို့ သိရပါတယ်။ BRICS ထိပ်သီးဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတစ်ခု မှာ သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။
မြောက်ကိုရီးယားတပ်ဖွဲ့တွေိကို အသုံးပြုတာ မပြုတာက ရုရှားရဲ့အလုပ်ဖြစ်ပြီး ယူကရိန်းက နေ တိုးအဖွဲ့ကိုပူးပေါင်းရင် ရုရှားကလည်း လုံခြုံရေးအတွက် လုပ်သင့်တာကို လုပ်နိုင်တယ်လို့ သူက ပြောပါ တယ်။
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရောက်ရှိနေတာကိုပြသတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ “မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရောက်ရှိနေတဲ့ဓာတ်ပုံတွေရှိရင် တစ်စုံတစ်ခု ကို ထင်ဟပ်စေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ရုရှားက မြောက်ကိုရီးယားနဲ့ ထိတွေ့ဆက်ဆံနေပြီး မိတ်ဆွေတွေဖြစ်တယ်လို့ သူက ဆိုပါတယ်။ မြောက်ကိုရီးယားတပ်ဖွဲ့တွေဟာ ရုရှားယူနီဖောင်းတွေ ဝတ်ဆင်ပြီး မော်စကိုရဲ့ကွပ်ကဲမှုအတိုင်း ဆောင် ရွက်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
မြောက်ကိုရီးယားစစ်သည် ၁၂၀၀၀ ခန့် ရုရှားနိုင်ငံသို့ စေလွှတ်မယ်လို့ ၎င်းက ဆိုပါတယ်။ ပထမ အသုတ် မြောက်ကိုရီးယားတပ်ဖွဲ့ကို ရုရှားနိုင်ငံ၊ ကတ်စ်ဒေသသို့ စေလွှတ်ခဲ့ပြီလို့ ယူကရိန်း တာဝန်ရှိသူ တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံဟာ ကတ်စ်ဒေသမှာ ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ခဲ့ပြီး တိုက်ခိုက်ရေးဇုန်တစ်ခုအ ဖြစ် သတ်မှတ်ထားပါတယ်။
ယူကရိန်းကျူးကျော်စစ်မှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်တိုက်ခိုက်ဖို့ ရုရှားနိုင်ငံက မျှော် လင့်ချက်တွေ ရှိနေတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ယူဆပါတယ်။
ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ ဇွန်လအတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မဟာဗျူဟာမြောက် မိတ်ဘက်ဆောင်ရွက်မှု သဘောတူညီချက်ကို ရုရှားလွှတ် တော်က ကြာသပတေးနေ့မှာ အတည်ပြုခဲ့ပါတယ်။
တစ်နိုင်ငံက တိုက်ခိုက်ခံရပါက အခြားနိုင်ငံက တပ်ဖွဲ့တွေစေလွှတ်ရမယ့် ‘စစ်ရေးအကူအညီ’ အ ပါအဝင် နည်းလမ်းအားလုံး ကူညီဖို့ ၎င်းတို့နှစ်ဉီးက သဘောတူခဲ့ပါတယ်။
ကိုးကား – NHK
Ref; Putin doesn’t deny N.Korean troops are in Russia
#Ayeyarwaddy_Times