
ဧရာဝတီတိုင်းမ်
အောက်တိုဘာ၂၆ ရက်
တရုတ်က ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာကို လက်ခံဖို့ စစ်ရေးဖိအားပေးနေပေမယ့် ပိုင် နက်နယ်မြေ တစ်လက်မမျှ ပေးအပ်မှာမဟုတ်ဖူးလို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ပြောပါတယ်။
Guningtou တိုက်ပွဲမှာ ကွန်မြူနစ်တပ်ဖွဲ့တွေကို အောင်နိုင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အဖြစ် တရုတ်နိုင်ငံအလွန်ရှိ Kinmen ကျွန်းသို့သွားရောက်တဲ့ ခရီးစဉ်တစ်ခုအတွင်း သူက အခုလို ပြော ကြားခဲ့တာပါ။
မည်သည့် ပြင်ပတပ်ဖွဲ့တွေကိုမျှ ကျွန်းစုတွေရဲ့အနာဂတ်ကို ပြောင်းလဲခွင့်ပြုမှာမဟုတ်ဖူးလို့ တ ရုတ်နိုင်ငံကို အမည်မဖော်ပြဘဲ ၎င်းက ပြောပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက လိုင်ချင်တေးရဲ့မှတ်ချက်ကို ပယ်ချခဲ့ပြီး တရုတ်နဲ့ထိုင်ဝမ်ကို အဆုံးသတ်မှာ ပေါင်းစည်းရမယ်လို့ ပြောပါတယ်။
မေလအတွင်း အာဏာရရှိလာခဲ့တဲ့ လိုင်ချင်တေးဟာ ယခင်သမ္မတထက် ပွင့်လင်းစွာ ပြောဆိုသူ ဖြစ်လာခဲ့ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်မယ်လို့ ဆိုပါတယ်။
အချုပ်အခြာအာဏာကို ကာကွယ်ဖို့ ထိုင်ဝမ်က စိတ်ပိုင်းဖြတ်ထားပြီး ထိုင်ဝမ်ရေလက်ကြားတစ် လျှောက် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှု ထိန်းသိမ်းရေး ကြိုးပမ်းမှုတွေကို မပြောင်းလဲခဲ့ဘူးလို့ သူက ပြောပါ တယ်။
တရုတ်နဲ့ထိုင်ဝမ်ဟာ တန်းတူရည်တူမှု၊ ဂုဏ်သိက္ခာရှိရှိ တွေ့ဆုံဆွေးနွေးကာ အပြန်အလှန်ဖ လှယ်မှုတွေ ပြုလုပ်ကြဖို့ မျှော်လင့်ပါကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၆ ခုနှစ်မှာ ထိုင်ဝမ်နဲ့ အဆင့်မြင့်အဆင့်မှာ ဆက်ဆံရေးဖြတ်တောက်ကာ စစ်ရေးနဲ့နိုင်ငံရေးအရ ဖိအားပေးမှု တိုးမြှင့်ခဲ့ပါတယ်။
အောက်တိုဘာလ ၁၄ ရက်က ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် အပြီးမှာ အောက်တိုဘာလ ၂၂ ရက်က ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်ကာ နောက်တစ်ရက်မှာ ထိုင်ဝမ် ရေလက်ကြားမှတစ်ဆင့် လေယာဉ်တင်သင်္ဘောအုပ်စု ဖြတ်သန်းမောင်းနှင်ခဲ့ပါတယ်။
အမေရိကန်နဲ့ ကနေဒါစစ်သင်္ဘော (၂) စင်း ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် မောင်းနှင်ပြီး ရက် အနည်းငယ်အကြာ အောက်တိုဘာလ ၂၄ ရက်မှာ ထိုင်ဝမ်တပ်ဖွဲ့တွေဟာ Penghu ကျွန်းပေါ်မှာ ကျည် အစစ်နဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
ကိုးကား – VOA
Ref; Taiwan president ‘won’t yield an inch’ in defense of island’s territory
#Ayeyarwaddy_Times