
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
စင်ကာပူနိုင်ငံတွင် တိုက်ခန်းတစ်ခု၏ အပြင်သုံးလွှာအစွန်သို့ ရောက်ရှိနေသည့် သုံးနှစ်အရွယ် ကလေး ငယ်ကို ကယ်ဆယ်ပေးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးနှင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတစ်ဦးကို့ကို စင်ကာပူမှ Community Lifesaver ဆုကို ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
တိုက်ခန်း၏ အပြင်ဘက် သုံးလွှာအစွန်တွင် ရပ်နေသည့် ကလေးငယ်ကို မြန်မာနိုင်ငံသား စသူရအောင် နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား Mr Jhair တို့ပူးပေါင်းကာ ကယ်ဆယ် ရေးအဖွဲ့များ မရောက်ခင် ကယ်ဆယ် ပေးနိုင်ခဲ့ကြောင်း သိရသည်။
“ဘုရားရှိခိုးဖို့ လူစောင့်နေတဲ့အချိန်မှာ လူအများကြီးစုနေတာတွေ့တော့ နဲနဲပါးပါးသွားကြည့်လိုက်တာ ကလေးလေးကို တွေ့တော့ စိတ်ပူတာကြောင့် တက်ပြီးတော့ ခေါ်လိုက်တယ်။ ကလေးလေး တစ်ခုခုဖြစ်သွားမှာစိုးတယ်။ ကိုယ့်တူ ကိုယ့်သားလေးအရွယ်ဆိုတော့ ကလေးလေးကို တက်ပြီးတော့ ခေါ်လိုက်တယ်” ဟု စသူရအောင်က CNA သတင်းဌာနကို ပြောဆိုခဲ့သည်။
စသူရအောင်မှာ သူငယ်ချင်းများနှင့် ဘုရားကျောင်းသို့သွားရန် စောင့်ဆိုင်းနေစဉ် ကလေးငယ်ကို တွေ့ခဲ့ရာ အဆိုပါတိုက်အစွန်သို့ ကိုယ်တိုင်သွားရောက်ကာ ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ယောက်၏ သူရဲကောင်းဆန်သည့် လုပ်ဆောင်ချက်ကြောင့် စင်ကာပူ အရပ်သား ကာကွယ်ရေးတပ်ဖွဲ့(SCDF) မှ ယမန်နေ့ SCDF ၏ 3rd Division ရုံးချုပ်တွင် Community Lifesaver ဆုကိုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆုမှာ မိမိအသက်ကို ပဓာနမထားပဲ အများအသက်ကို ကယ်ဆယ်သူများကို ပေးအပ်ချီးမြှင့်သည့် ဆုဖြစ်ကြောင်း သိရသည်။
ကိုးကား – Channel News Asia
ဓာတ်ပုံ – CNA
#စင်ကာပူ #ကလေးငယ် #ကယ်ဆယ် #မြန်မာနိုင်ငံသား #CommunityLifesaverဆုရ #Ayeyarwaddy_Times