ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်၊ သလပ်ခွာ တိုက်နယ် ရဲစခန်းတွင် ပြီးခဲ့သည့်အောက်တိုဘာ ၁၉ ရက်နေ့က ဖမ်းဆီးထားသည့် အချုပ်သားတစ်ဦး ကြိုးဆွဲချပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“သေဆုံးတဲ့ကောင်လေးက သလပ်ခွာမှာအလုပ်လာလုပ်နေတာ၊ ဒေသခံတော့မဟုတ်ဘူး။ ကြားတာတော့စခန်းမှူးက မင်္သကာလို့ဖမ်းတာလို့ကြားတယ်။ ရဲတွေရိုက်နှက်တဲ့ဒဏ်ကိုမခံနိုင်လို့ ကိုယ့်ပုဆိုးနဲ့ကိုယ် သတ်သေတယ်လို့ ရွာမှာတော့ သတင်းတွေထွက်နေကြတယ်”ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

သေဆုံးသွားသူမှာ အသက် ၂၀ ကျော်အရွယ်ရှိသည့် မောင်ဇာနည်အောင်ဟုသိရှိရပြီး တကုန်းကျေးရွာမှ သလပ်ခွာကျေးရွာသို့ လာရောက်အလုပ်လုပ်ကိုင်နေသူဖြစ်ကာ အောက်တိုဘာ ပထမပါတ်အတွင်းတွင် ရဲတပ်ဖွဲ့၀င်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်းနှင့် မည်သည့်အတွက် ဖမ်းဆီးသည်ကို မသိရကြောင်း ဒေသခံများထံမှသိရှိရသည်။

လက်ရှိတွင် မောင်ဇာနည်အောင်၏ ရုပ်အလောင်းကို ပုသိမ်ဆေးရုံတွင် ရင်ခွဲစစ်ဆေးပြီးမှ မိသားစုကို အကြောင်းကြားကာ နေရပ်ကို သဂြိုလ်ရန် ပြန်လည်ယူဆောင်ခိုင်းကြောင်း
သိရှိရသည်။

#ပုသိမ်မြို့နယ် #သလပ်ခွာနယ်မြေရဲစခန်း #အချုပ်သားတစ်ဦး #ကြိုးဆွဲချသေဆုံး #Ayeyarwaddy_Times