
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
G-7၊ ဥရောပသမဂ္ဂတို့နဲ့ ညှိနှိုင်းပြီး ဒေါ်လာ ၅၀ ဘီလီယံ ချေးငွေပေးအပ်မယ့် အစီအစဉ်ရဲ့ တစ် စိတ်တစ်ပိုင်းအဖြစ် အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံ ထောက် ပံ့ဖို့ ကြိုးပမ်းနေတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက အောက်တိုဘာလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ပြီးနောက် G-7 တိုင်း ပြည်တွေဟာ သူတို့ရဲ့ တရားစီရင်ပိုင်ခွင့်အရ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို ထိန်းချုပ်ခဲ့ပါတယ်။
“ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ငွေကြေးတွေကရတဲ့ အတိုးတွေနဲ့ ကျွန်တော်တို့ ယူကရိန်းကို ဒေါ်လာ ၂၀ ဘီလီယံ ထောက်ပံ့မှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံက အခွန်ထမ်းပြည်သူတွေကို ဝန်ထုပ်ဝန် ပိုးမဖြစ်စေဘဲ လက်ရှိ လိုအပ်နေတဲ့ ငွေကြေးအကူအညီ ရရှိမှာဖြစ်ပါတယ်” လို့ သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
အမေရိကန်နိုင်ငံက ယူကရိန်းသို့ စီးပွားရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံ ထောက်ပံ့ဖို့ စီစဉ် ပေမယ့် စစ်ရေးအကူအညီ ဒေါ်လာ ၁၀ ဘီလီယံကို အတည်ပြုဖို့ လွှတ်တော်အမတ်တွေရဲ့ သဘောတူညီ မှု လိုအပ်တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက ဆိုပါတယ်။
ဥရောပသမဂ္ဂနိုင်ငံတွေအများစုမှာ ထိန်းချုပ်ထားတဲ့ အကြမ်းဖျင်း ဒေါ်လာ ၃၀၀ ဘီလီယံ ပမာ ဏရှိ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေမှရတဲ့အတိုးနဲ့ ချေးငွေကို ပြန်ဆပ်ရမှာဖြစ်ပါတယ်။
ထိန်းချုပ်ထားတဲ့ ရုရှားနိုင်ငံပိုင်ပစ္စည်းတွေကို ယူကရိန်းသို့ထုတ်ချေးမယ့် အစီအစဉ်ကို ဉရောပ သမဂ္ဂ လွှတ်တော်အမတ်တွေက အောက်တိုဘာလ ၂၂ ရက်မှာ အတည်ပြုခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ဒီဇင်ဘာလအတွင်း ကမ္ဘာ့ဘဏ်သို့ ဒေါ်လာ ၂၀ ဘီလီယံ လွှဲပြောင်းပေးနိုင် တယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီက ပြောပါတယ်။
ကိုးကား – Reuters
Ref; US govt wants half of its $26b loan to Ukraine to be military aid
#Ayeyarwaddy_Times