
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၅ ရက်
အင်အားပြင်းထန်သော အပူပိုင်းမုန်တိုင်း ‘ထရာမီ’ ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ (၂၀) ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါမုန်တိုင်းဟာ ကြာသပတေးနေ့အစောပိုင်းက လူဇုန်ကျွန်းမြောက်ပိုင်းမှာ ဝင်ရောက်တိုက် ခတ်ခဲ့ရာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့လို့ နေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။
လူဇုန်ကျွန်းတောင်ပိုင်း ဘီကူလ်ဒေသမှာ လူအသေအပျောက် ၂၀ ကျော် ရှိခဲ့တယ်လို့ ဒေသန္တရမီ ဒီယာတွေက ဖော်ပြပြီး အာဏာပိုင်တွေက အခြေအနေကို အကဲဖြတ်ဖို့ ကြိုးပမ်းနေပါတယ်။
ရေနစ်မြုပ်နေတဲ့ အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ဖိလစ်ပိုင်လေတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်တွေက ရော်ဘာလှေတွေနဲ့ ကယ်ဆယ်နေတာကို ရုပ်သံဖိုင်တွေက ပြသနေပါတယ်။
မနီလာမြို့တော် အပါအဝင် လူဇုန်ကျွန်းတစ်လျှောက်ရှိ စာသင်ကျောင်းတွေနဲ့ အုပ်ချုပ်ရေးရုံး တွေကို ဗုဒ္ဓဟူးနေ့ကတည်းက ပိတ်ထားခဲ့ပါတယ်။
လူပေါင်း ၂ သိန်းခန့်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့တယ်လို့ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာနမှ အာဏာပိုင်တွေက ပြောပါတယ်။
အပူပိုင်းမုန်တိုင်းဟာ တောင်တရုတ်ပင်လယ် အနောက်ဘက်ဆီသို့ ရွေ့လျားမယ်လို့ ခန့်မှန်းရ ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားဖွယ်ရှိကာ ထိခိုက်သေဆုံးမှုတွေ ဖြစ်နိုင်တယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေက သတိပေးနေပါတယ်။
ကိုးကား – NHK
Ref; Severe tropical storm Trami leaves over 20 dead in the Philippines
#Ayeyarwaddy_Times