
ဇူလိုင်လအတွင်း ရှေ့တန်းတစ်နေရာတွင် တွေ့ရသည့် တပ်ရင်း ၅ ရဲဘော်များ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်
ယမန်နေ့(သြဂုတ် ၁၅) မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ကရင်နီ(ကယား)ပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း အိုးခူးရီ(ခ) ခေါက်ပလော့ရှိ စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၅ က စနိုက်ပါဖြင့်သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF B05 မှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့ပြီး အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် သေးဆူလဲရွာရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီး(၅၀ မမ) ဖြင့် ၃ ကြိမ် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်း ၅ ၏ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးနိုင်သော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိကြောင်း သိရသည်။ စစ်ကောင်စီတပ်ဘက်မှ ၇၉ ဖြင့်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိခဲ့ကြော