
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
တရုတ်ရဲ့ ထိုင်ဝမ်ကို ပိတ်ဆို့မှုက ကုလသမဂ္ဂအဖွဲ့ အဓိပ္ပာယ်ဖွင့်ဆိုတဲ့အတိုင်း ကျူးကျော်တိုက် ခိုက်မှု လုပ်ရပ်တစ်ခုဖြစ်ပြီး ထိုင်ဝမ်စစ်တပ်က စစ်အင်အားဖြန့်ကြက်မှုနဲ့ လက်တုံ့ပြန်မယ်လို့ ကာကွယ် ရေးဝန်ကြီး ဝယ်လင်တန်ကူက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
တရုတ်ရဲ့ ထိုင်ဝမ်ကိုပိတ်ဆို့တဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့ လွှတ်တော်ကြားနာမှုမှာ အာဏာရ DPP ပါတီမှ လွှတ်တော်အမတ်ရဲ့ တရုတ်က ထိုင်ဝမ်ကို ပိတ်ဆို့လာရင် ဘယ်လို တုံ့ပြန်မလဲ ဆိုတဲ့ မေးမြန်းချက်ကို သူက အခုလို ဖြေကြားခဲ့တာပါ။
ရန်သူနိုင်ငံက တိုင်းပြည်တစ်ခုကို ပိတ်ဆို့ထားရင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ကျူးကျော် တိုက်ခိုက်မှု လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၃၃၁၄ အရ ပိတ်ဆို့မှုတွေဟာ ကျူးကျော်တိုက် ခိုက်မှု လုပ်ရပ်တစ်မျိုးလို့ ၎င်းက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ပိတ်ဆို့မှု ဖြစ်လာခဲ့ရင် ကမ္ဘာ့နိုင်ငံတွေအတွက် ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပြီး ထိုင်ဝမ်ရေလက်ကြားဟာ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် သယ်ယူပို့ဆောင်ရေးအတွက် ဘယ် လောက် အရေးပါတယ်ဆိုတာ သိလာလိမ့်မယ်လို့ သူက ရှင်းပြပါတယ်။
တစ်ချိန်တည်းမှာ ထိုင်ဝမ်စစ်တပ်က စစ်အင်အားဖြန့်ကြက်ကာ ခုခံကာကွယ်ဖို့ လုပ်ဆောင်မယ် လို့ ဝယ်လင်တန်ကူက ပြောပါတယ်။
ကမ္ဘာ့ပင်လယ်ရေကြောင်း ကုန်သွယ်မှုရဲ့တန်ဖိုး ၂၀ ရာခိုင်နှုန်းဟာ ထိုင်ဝမ်ရေလက်ကြားမှတစ် ဆင့် လုပ်ဆောင်တာဖြစ်လို့ တရုတ်က ထိုင်ဝမ်ကို ပိတ်ဆို့လာရင် နိုင်ငံတကာ အသိုင်းအဝိုင်းက သေချာ ပေါက် လက်တုံ့ပြန်ရမယ်လို့ ၎င်းက ပြောပါတယ်။
ကိုးကား – Taiwan Focus
Ref; Chinese blockade would trigger military response from Taiwan: Minister
#Ayeyarwaddy_Times