
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်
မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရှိနေတယ်ဆိုတဲ့ အထောက်အထားရှိပြီး ဘာလုပ် မယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မသိရသေးဘူးလို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောပါတယ်။
“မြောက်ကိုရီးယားတပ်ဖွဲ့တွေ ရုရှားနိုင်ငံမှာ ရောက်ရှိနေတယ်ဆိုတဲ့ အထောက်အထားတွေ ရှိပါ တယ်” လို့ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့်ဟာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်းစစ်ပွဲမှာ ပါဝင် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ထောက်လှမ်းရေးသတင်းတွေကို ကိုးကားပြီး သမ္မတ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက ထောင်ချီတဲ့တပ်ဖွဲ့တွေကို ရုရှား သို့ စေလွှတ်ခဲ့တယ်လို့ ယူကရိန်းနဲ့ တောင်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။
ယူကရိန်းပဋိပက္ခမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေက ဘယ်လိုအခန်းကဏ္ဍမှ ပါဝင်တယ်ဆိုတာ ကို ဖော်ထုတ်ဖို့ ကြိုးစားနေဆဲလို့ လွိုက်အော်စတင်က ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ရုရှားနဲ့ မြောက်ကိုရီးယားဟာ အမေရိကန်ဆန့်ကျင်ရေး စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခဲ့ပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်အချို့ဟာ ရုရှားစစ်တပ်နဲ့ လက်တွဲဆောင်ရွက်နေပြီး အများစုက အင်ဂျင်နီယာဘာသာရပ်မှာ ကူညီပေးတာနဲ့ မြောက်ကိုရီးယား ခဲယမ်းမီးကျောက်တွေ အသုံးပြုတဲ့ သ တင်းအချက်အလက်တွေ ဖလှယ်တာလို့ ယူကရိန်း ထောက်လှမ်းရေး သတင်းရင်းမြစ်တစ်ခုက ပြောပါ တယ်။
မြောက်ကိုရီးယားဟာ အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ကို လေ့ကျင့်ပေးဖို့ ရုရှားနိုင်ငံသို့ စေလွှတ်ထား တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောကြားထားပါတယ်။
ကိုးကား – Reuters/CNN
Ref; North Korean troops in Russia, US defense secretary says
#Ayeyarwaddy_Times