ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၄ ရက်

ဧရာ၀တီတိုင်း ပုသိမ်မြို့မှ ရန်ကုန် ၊ ညောင်ဦး၊ မန္တလေး မြို့များသို့ လေ​ကြောင်းလိုင်း ခရီးစဥ်သစ်ကို အောက်တိုဘာလ၂၀ရက်နေ့ကစတင်ပြေးဆွဲခဲ့သော်လည်း စီးနင်းလိုက်ပါသူအလွန်နည်းပါးနေကြောင်း သိရှိရသည်။

“တွေ့ရတာတော့ ဟိုရက်ကဆို ပုသိမ်အသွားက သုံးယောက်၊ လေယာဥ်နဲ့ပါလာတာ ငါးယောက်ပဲတွေ့တယ်။ ဘယ်လောက်ထိ ပြေးဆွဲနိုင်မှာလဲတော့မသိဘူး။ လေကြောင်းလိုင်းဆွဲမယ်အစား ရန်ကုန်ပုသိမ်ကားလမ်းကို အကောင်းဆုံးဖြစ်အောင် ပြင်လိုက်တာမှ အကျိုးရှိအုန်းမယ်”ဟု ပို့ဆောင်ရေးဌာနနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။

လေယာဥ်စီးနင်းသူခရီးသည်များကို ဧရာ၀တီတိုင်း၀န်ကြီးချုပ်ကိုယ်တိုင် လေဆိပ်တွင် လာရောက်နှုတ်ဆက်ခြင်း၊ လက်ဆောင်ပစ္စည်းများပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ပို့ဆောင်ရေး၀န်ကြီးဌာန၏ မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)မှ ခရီးစဉ်သစ်အဖြစ် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်များကိုပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်ပြီးလေယာဉ်လက်မှတ်ခ နှုန်းထားများအနေဖြင့် ရန်ကုန်မှ ပုသိမ်သို့ ကျပ်နှစ်သိန်းငါးသောင်း၊ ပုသိမ်မှ ညောင်ဦးသို့ ကျပ် နှစ်သိန်းရှစ်သောင်း၊ မန္တလေးမှ ညောင်ဦးသို့ ကျပ် နှစ်သိန်း၊ ရန်

ကုန်မှ ညောင်ဦးသို့ ကျပ် နှစ်သိန်းကိုးသောင်း သတ်မှတ်ထားကြောင်း သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် သြဂုတ်လက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်မြို့သို့ ရောက်ရှိလာပြီး ပုသိမ်လေယာဥ်ကွင်းအား အဆင့်မြှင့်တင်ရန်နှင့် န်ိုင်ငံတကာလေယာဥ်များ

ဆင်းသက်နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီးနောက်ပိုင်း လေကြောင်းလိုင်းကို ပြန်လည်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။

#ပုသိမ် #ရန်ကုန် #ညောင်ဦး #မန္တလေး #လေကြောင်းလိုင်း #စီးနင်းသူနည်းပါး #Ayeyarwaddy_Times