
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၆ ရက်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလန်းဟေဇာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရာထူးခန့်အပ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်တန့်ဖို့နဲ့ မြန်မာနိုင်ငံမှာ လူသား ချင်းစာနာမှု အကူအညီပေးအပ်ခွင့်ရဖို့ တောင်းဆိုပြီးနောက် နိုလန်းဟေဇာရဲ့ခရီးစဉ် ဖြစ်လာခဲ့တာပါ။
နိုလန်းဟေဇာက မြန်မာနိုင်ငံမှာ အခြေအနေဆိုးရွားလာမှုကို ဖြေရှင်းဖို့နဲ့ အခြား ဦးစားပေးနယ်ပယ်တွေ ကို အလေးထားဆွေးနွေးမယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖင်ဒူဂျာရစ်က ပြောပါတယ်။
နိုလန်းဟေဇာက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေ သို့မဟုတ် ထောင်သွင်းအကျဉ်းချခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခြင်းရှိ မရှိကို ၄င်းက အသေးစိတ် မပြောကြားပါဘူး။
နိုင်ငံရေး၊ အရပ်ဘက်အဖွဲ့အစည်းနဲ့ ပဋိပက္ခဘေးသင့် အသိုင်းအဝိုင်းမှ သက်ဆိုင်သူတွေနဲ့ ဆွေးနွေးပြီး တဲ့နောက် နိုလန်းဟေဇာရဲ့ခရီးစဉ် ဖြစ်လာရတာလို့ ဒူဂျာရစ်က ဆိုပါတယ်။
စင်ကာပူမှ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ နိုလန်းဟေဇာဟာ ၁၉၉၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသမီးတွေရဲ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UNIFEM ကို ဦးဆောင်ခဲ့ပါတယ်။
နိုလန်းဟေဇာဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ အာရှ-ပစိဖိတ်ဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးနဲ့ လူမှုရေးကော်မရှင်ရဲ့ အမှုဆောင်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပထမဆုံး အမျိုးသမီးဖြစ်ခဲ့ပါတယ်။
ဓာတ်ပုံ – မစ္စနိုလင်းဟေဇာနှင့်မလေးရှားနိုင်ငံခြားရေးဝန်ကြီး
ကိုးကား – The Washington Post
Ref; UN envoy travels to strife-torn Myanmar for the first time