ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

မြောက်ကိုရီးယားရဲ့ ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်တာကို လက်တုံ့ပြန်မှုအဖြစ် ယူကရိန်းသို့ စစ် လက်နက်တွေ ထောက်ပံ့တာ စဉ်းစားမယ်လို့ တောင်ကိုရီးယားက သတိပေးလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ ဝင်မပါရေး ရုရှားကို ဖိအားပေးဖို့ တောင်ကိုရီး ယားအစိုးရက ကြိုးပမ်းနေပါတယ်။ အတုံ့အလှည့်အဖြစ် ရုရှားက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်ကို မြှင့်တင်ပေးမယ့် ခေတ်မီလက်နက်နည်းပညာတွေ ပြန်ပေးမှာကို တောင်ကိုရီး ယားက စိုးရိမ်နေပါတယ်။

မြောက်ကိုရီးယားက ရုရှားသို့ တပ်ဖွဲ့တွေစေလွှတ်တာ တောင်ကိုရီးယားနဲ့ နိုင်ငံတကာအသိုင်း အဝိုင်းအတွက် လုံခြုံရေးခြိမ်းခြောက်မှုတစ်ခုအဖြစ် တောင်ကိုရီးယား ထိပ်တန်းအာဏာပိုင်တွေက ရှုတ် ချခဲ့ပါတယ်။

ရုရှား-မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တန်ပြန်မယ့်အစီအမံတွေထဲ မှာ သံတမန်ရေး၊ စီးပွားရေးနဲ့ စစ်ရေးရွေးချယ်မှုတွေ ပါဝင်ပါတယ်။

တောင်ကိုရီးယားက ယူကရိန်းသို့ စစ်လက်နက်တွေ ပေးပို့တာကို ထည့်သွင်းစဉ်းစားနိုင်တယ်လို့ အမည်မဖော်လိုတဲ့ တောင်ကိုရီးယားသမ္မတရုံးမှ တာဝန်ရှိသူတစ်ဉီးက သတင်းထောက်တွေကို ပြောပါ တယ်။

၂၀၂၂ ခုနှစ် ရုရှားကျူးကျော်စစ်နောက်ပိုင်း တောင်ကိုရီးယားဟာ အမေရိကန်နဲ့အတူ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ကာ ယူကရိန်းသို့ လူသားချင်းစာနာမှု အကူအညီနဲ့ ငွေကြေးအကူအညီ ပေး အပ်ခဲ့ပါတယ်။

သို့သော်လည်း ပဋိပက္ခဖြစ်နေတဲ့ တိုင်းပြည်တွေကို လက်နက်တွေ မထောက်ပံ့ရတဲ့မူဝါဒကြောင့် တောင်ကိုရီးယားဟာ ယူကရိန်းသို့ စစ်လက်နက်တွေ တိုက်ရိုက် ထောက်ပံ့တာ ရှောင်ရှားခဲ့ပါတယ်။

ဒီလအတွင်း ရုရှားသို့ မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ခဲ့တာကို တောင်ကိုရီး ယား ထောက်လှမ်းရေးအဖွဲ့က အတည်ပြုခဲ့သလို မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ ခန့် ရုရှားတပ်ဖွဲ့နဲ့ ပူးပေါင်းဖို့ ပြင်ဆင်နေတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

မြောက်ကိုရီးယားတပ်ဖွဲ့တွေ စေလွှတ်မှုနဲ့ စစ်လက်နက်တွေ လွှဲပြောင်းပေးမှုကို မြောက်ကိုရီး ယားနဲ့ ရုရှားက ငြင်းဆန်ခဲ့ပါတယ်။

ကိုးကား – Independent
Ref; South Korea warns it could arm Ukraine amid fears of Putin Kim Jong Un weapon swap

#Ayeyarwaddy_Times