ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၂၃ ရက်

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြကာ ငွေများတောင်းယူနေကြောင်း ဒေသခံများထံက သိရသည်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်းများကို ထောက်ပံ့ပေးရန် အတွက်ဟုဆိုကာ ပြီးခဲ့သည့်အောက်တိုဘာလ ပထမပတ်မှ စတင်ကာ သဘော့ငူအုပ်စုအတွင်းရှိ ငွေများတောင်းယူခြင်း ဖြစ်သည် ဟု ဒေသခံများက ဆိုသည်။

“အဲ့ဒီအဖွဲ့တွေက အကြောင်းအမျိုးပြ စစ်မှုထမ်းကိစ္စဆိုပြီး အကျပ်ကိုင် ပိုက်ဆံတွေတောင်းနေကြတာ။ နောက်ပြီး သူတို့ကြောင့် အဖမ်းခံသူတွေလည်းရှိတယ်”ဟု ကန်ကြီးထောင့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

သဘော့ငူအုပ်စုအတွင်း ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ငွေများတောင်းယူနေကြသူများမှာ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်တင့်ဝေ နှင့် ရာအိမ်မှူး ဦးဇော်လတ်၊ ဆယ်အိမ်မှူး ဦးချစ်မင်းသူ၊ ရပ်မိရပ်ဖ ဦးဇော်ဦး တို့ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အလားတူ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ပြည်သူ့စစ်မှုထမ်း များကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အောက်တိုဘာလ ပထမပတ်က စတင်၍ ငွေများတောင်းယူ နေကြောင်း ဒေသခံများက ဆိုသည်။

ထို့ပြင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ နွားခြံအုပ်စုတွင်လည်း ပျုစောထီးခေါင်းဆောင်နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက အသက်ပြည့်ပြီး လူငယ်များကို ကျပ်ငွေ နှစ်သိန်းငါးသောင်း (၂၅၀,၀၀၀) အထိ တောင်းယူခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

#ကန်ကြီးထောင့် #အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ပြည်သူ့စစ်မှုထမ်း #အကြောင်းပြ #တစ်အိမ်လျင် #ကျပ်‌‌ငွေငါးသောင်းတောင်း #Ayeyarwaddy_Times