ဧရာဝတီတိုင်းမ်
ဇွန်လ ၂၇ ရက်
အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း၌ လူအများအပြား သေဆုံးခဲ့သည့် အင်အားပြင်းမြေငလျင် လှုပ်ခတ်ခဲ့ပြီး နောက် ယခုအခါ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ပံ့ပိုးကူညီမှုများပြုလုပ်ကြရန် တာလီဘန်အဖွဲ့က နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း ခို့စ်နှင့်ပတ်တီကာပြည်နယ်များတွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၁၀၄၀ ဦး သေဆုံးခဲ့ပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
မြေငလျင်ဘေးသင့်ဒေသများရှိ အခြေနေများနှင့်ပတ်သက်၍ တာလီဘန်အဖွဲ့ ဘေးအန္တရာယ်နှင့် စီမံခန့် ခွဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်နာဆင်းက အန်အိတ်ချ်ကေသတင်းဌာနသို့ ပြောဆိုခဲ့သည်။
မြေငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များ ပြိုကျခဲ့ပြီး အာဖဂန်ပြည်သူများက နေစရာ၊ သောက်သုံးရေနှင့် ဆေးဝါးများ အရေးပေါ် လိုအပ်နေကြောင်း ၄င်းက ပြောသည်။
အိမ်နီးချင်းတိုင်းပြည်များနှင့် လူ့အခွင့်အရေးအုပ်စုများက လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ နေသောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ တိုးတက်မှုရှိနေကြောင်း နာဆင်းက ပြောသည်။
မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုပမာဏ ကြီးမားသောကြောင့် တာလီဘန်အဖွဲ့က ပြည်ပအကူအညီ များ တောင်းခံရခြင်းဖြစ်သည်။ ဂျပန်အပါအဝင် တိုင်းပြည်အချို့က နိုင်ငံတကာအဖွဲ့အစည်းမှတစ်ဆင့် အရေးပေါ် အကူအညီများ တိုက်ရိုက် ပံ့ပိုးကူညီလျက်ရှိသည်။
အမျိုးသမီးများ၏ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရာတွင် တိုးတက်မှုမရှိခြင်းကြောင့် ကမ္ဘာ့နိုင်ငံ များက တာလီဘန်အဖွဲ့ကို တရားဝင်အစိုးရအဖွဲ့တစ်ခုအဖြစ် အသိအမှတ်မပြုခဲ့ပေ။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Taliban ask for more aid from the international community