ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်

စစ်အင်အားအသုံးပြုပြီး ခြိမ်းခြောက်ခြင်းအားဖြင့် သို့မဟုတ် ဖိနှိပ်ခြင်းအားဖြင့် ရှိယင်းစွဲအခြေအ နေကို ထိခိုက်အောင်မလုပ်ဖို့ ထိုင်ဝမ်က တရုတ်နိုင်ငံကို တိုက်တွန်းလိုက်ပါတယ်။

ထိုင်ဝမ်ရဲ့ တည်ရှိမှုကို အသိအမှတ်ပြုဖို့နဲ့ လွတ်လပ်ရေးကို လေးစားသမှုထားဖို့ ထိုင်ဝမ် နိုင်ငံ ခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ ရန်စမှုတွေကို ဖြေရှင်းပေးပြီး မကြာသေးမီ သီတင်းပတ်တွေအတွင်း ထိုင်ဝမ်အ တွက် စိုးရိမ်မှုပြသတဲ့ မဟာမိတ်တွေကို ကျေးဇူးတင်ရှိတယ်လို့ ထိုင်ဝမ်က ပြောပါတယ်။

“သဘောထားကွဲလွဲမှုတွေကို တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဖြေရှင်းဖို့ တရုတ်နိုင်ငံကို တိုက်တွန်း ပါတယ်” လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုထိန်းသိမ်းတာဟာ တရုတ်နဲ့ထိုင်ဝမ်အပြင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဘုံအကျိုးစီးပွားဖြစ်ပါတယ်လို့ ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါ တယ်။

တရုတ်တိုက်လေယာဉ် (၁၀) စင်းနဲ့ စစ်သင်္ဘော (၆) စင်းကို ခြေရာခံနိုင်ခဲ့တယ်လို့ ထိုင်ဝမ် ကာ ကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၁၉ ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုကို လက်တုံ့ပြန်မှုအဖြစ် အခြေအနေကို စောင့်ကြည့်ဖို့ ထိုင်ဝမ်က တိုက်လေယာဉ်တွေ စေလွှတ်ကာ ကမ်းရိုးတန်းအခြေပြု ဒုံးကျည်စနစ်တွေ ဖြန့်ကြက်ခဲ့ပါတယ်။

“တရုတ်တိုက်လေယာဉ် (၁၀) စင်းနဲ့ စစ်သင်္ဘော (၆) စင်းကို ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ခြေရာခံ ခဲ့ပါတယ်။ အခြေအနေကို စောင့်ကြည့်ခဲ့ပြီး သင့်တော်သလို တုံ့ပြန်ခဲ့ပါတယ်” လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက လူမှုကွန်ရက် X မှာ ရေးသားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လိုအပ်ရင် အင်အားသုံးပြီး ပြန် လည်ပေါင်းစည်းမယ်လို့ တရုတ်နိုင်ငံက ပြောကြားထားပါတယ်။

ကိုးကား – ANI
Ref; Taiwan urges China to recognise its independent existence

#Ayeyarwaddy_Times