ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ အောက်တိုဘာ ၂၁ ရက်

ပဲခူး‌‌တိုင်း၊ တောင်ငူမြို့နယ်၊ ဝောာင်ငူအ ခြေစိုက် စစ်ကောင်စီ လေတပ်ဌာနချုပ်စခန်းကို ‌‌‌‌‌‌‌‌‌‌‌‌‌‌ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ညက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ပြန်ထားသည်။

တောင်ငူ လေတပ်စခန်းသို့ ရှော့တိုက်ဒုံး သုံးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ် လုံး ပေါက်ကွဲခဲ့ သည့်အနက် တစ်လုံးမှာ လေယာဉ်ဂိုဒေါင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး Y-12 လေယာဉ်တစ်စင်း နှင့် ရဟ်ယာဉ်တစ်စင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း BWM အဖွဲ့ထံက သိရသည်။

ထို့ပြင် လေတပ်ဌာနအတွင်းမှ စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ပြီး လေတပ်အရာရှိ နှစ်ဦး နှင့် အခြားအဆင့် တပ်သား ခြောက် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“လေတပ်ပြိုရင် စစ်ကောင်စီပြိုပြီဆိုတာသေချာပါတယ်။ စစ်ကောင်စီမှာရှိတဲ့ မြေပြင်အင်အားနဲ့ ကျွန်တော်တို့တော်လှန်ရေးအင်အားစုကို မယှဉ်နိုင်တော့ပါဘူ။ ဒါကြောင့် စကစလေတပ်ကို အင်အားချိနဲ့သွားအောင် တတ်နိုင်ရင်ပြိုကျသွားအောင်လုပ်နိုင်ရင် ကျွန်‌တော်တို့ တော်လှန်ရေးနိုင်ပါပြီ။ အဲဒီရည်ရွယ်ချက်နဲ့အခုလို လေတပ်မစ်ရှင်တွေဖော်ဆောင်နေရခြင်းဖြစ်ပါတယ်” ဟု BWM အဖွဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေတပ်စခန်းတိုက်ခိုက် ခံရပြီး နေက် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် အချက် ပေါင်းများစွာ ပြန်လည်ပစ်ခတ်ခဲ့ပြီး ရှော့တိုက်ဒုံးပစ်ခတ်ခံရသည်ဟု ယူဆရသည့် နေရာများကို ကား ငါး စီးဖြင့် ရှာဖွမှုများပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

တောင်ငူလေတပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နှင့် ရှမ်းပြည်တောင်ပိုင်းရှိ တော်လှန်ရေး တပ်ဖွဲ့များ နှင့် ပြည်သူများကို အဓိကထား လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် လေတပ်စခန်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။

BWM အဖွဲ့သည် စစ်ကောင်စီ၏ လေတပ်စခန်းများ နှင့် စစ်ဌာနချုပ် စစ်ရေးပစ်မှတ်များကို အဓိကထားကာ ရှော့တိုက်ဒုံးများဖြင့်ပစ်ခတ်တိုက်ခိုက်သည့် အဖွဲ့တစ်ခုဖြစ်ပြီး တောင်ငူ လေတပ် စခန်းကို တိုက်ခိုက်ခဲ့သည်မှာ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း လေးကြိမ် ရှိပြီဖြစ် ကြောင်းလည်းသိရသည်။

ဓာတ်ပုံ – BWM
#တောင်ငူလေတပ် #တိုက်ခိုက်ခံရ #BWM #ရှော့တိုက်ဒုံး #Ayeyarwaddy_Times