ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေးက အမေရိကန်နိုင်ငံဉီးဆောင်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပြစ်တင်ခဲ့ပြီး အဆိုပါအဖွဲ့မှာပါဝင်တဲ့ တိုင်းပြည်တွေဟာ တန် ဖိုးကြီးကြီး ပေးဆပ်ရမယ်လို့ သတိပေးလိုက်ပါတယ်။
ပိတ်ပင်ထားတဲ့ နျူကလီးယားနဲ့ လက်နက်အစီအစဉ်တွေကြောင့် မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကုလသမဂ္ဂ စောင့်ကြည့်လေ့လာရေးအဖွဲ့ သက်တမ်းတိုးတာကို ရုရှားနိုင်ငံက မတ်လအတွင်း ဗီတိုအာဏာနဲ့ ပယ်ချပြီးနောက် အဖွဲ့ဝင် ၁၁ နိုင်ငံပါ အဖွဲ့သစ်ကို ဒီလအစောပိုင်းမှာ ပြန် ဖွဲ့စည်းခဲ့တာပါ။
တောင်ကိုရီးယားနဲ့ မဟာမိတ်တွေဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို စောင့်ကြည့်မယ့် မတူညီသော နည်းလမ်းတွေ လုပ်ဆောင်ခဲ့ပြီး အမေရိကန်နဲ့ဂျပန်နိုင်ငံတို့ ပါဝင်တဲ့ အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။
ဒဏ်ခတ် ပိတ်ဆို့မှု စောင့်ကြည့်လေ့လာရေးအဖွဲ့ဟာ ဉပဒေနဲ့မညီညွတ်သလို တရားမဝင်ဘူးလို့ ချိုဆွန်ဟွေးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းကျူးကျော်စစ်မှာ ရုရှားကို ထောက်ခံဖို့ တပ်ဖွဲ့တွေ စေလွှတ် ခဲ့ပြီး လက်ရှိမှာ ရုရှားနိုင်ငံ၌ အထူးတပ်ဖွဲ့ဝင် ၁၅၀၀ လေ့ကျင့်နေတယ်လို့ တောင်ကိုရီးယား ထောက် လှမ်းရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပြီးနောက် မြောက်ကိုရီးယားက အခုလို တုံ့ပြန်တာပါ။
မြောက်ကိုရီးယားနိုင်ငံဟာ ယူကရိန်းကို တိုက်ခိုက်ရာမှာ အသုံးပြုဖို့ ရုရှားနိုင်ငံသို့ စစ်လက်နက် တွေ တင်ပို့နေတယ်လို့ တောင်ကိုရီးယားနိုင်ငံက ပြောပါတယ်။
ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ရုရှားနိုင်ငံနဲ့ စစ်လက်နက်ကုန်သွယ်မှု မပြုလုပ်ဖူးလို့ မြောက်ကိုရီးယားနိုင်ငံက ယခင် ငြင်းဆန်ခဲ့ပါတယ်။
ကိုးကား – AFP
Ref; North Korea calls new US-led sanctions monitoring team ‘unlawful’
#Ayeyarwaddy_Times