
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်- ရန်ကုန်ကားလမ်းပေါ်တွင် အောက်တိုဘာလ၂၁ ရက်နေ့ နံနက်ပိုင်းက ခရီးသည်တင်မှန်လုံကားတစ်စီး တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
တိမ်းမှောက်ခဲ့သောကားမှာ ကံထူးအောင် ခရီးသည်တင်ကားဟု သိရှိရပြီး ပုသိမ်မှ ရန်ကုန်သို့ ထွက်ခွာလာစဥ် ပန်တိုင်ဂိတ်နှင့်မဲဇလီ ကြားတွင် တိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
” လမ်းတွေကကျဥ်းတယ်၊မိုးကလဲတအားရွာတော့ လမ်းတွေလဲချော်နေတာ၊ မှန်လုံတွေကလည်း အရမ်းမောင်းတာ။ သတိထားသင့်တယ်။ ကားမှောက်တာသွားကြည့်တာ သေဆုံးသူတော့မတွေ့ဘူး။ ကားက ရေစပ်ကိုကျသွားလို့ ကံကောင်းသွားတယ်”ဟု ဒေသခံတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောသည်။
ယာဥ်တိမ်းမှောက်မှုတွင် ယာဥ်မောင်း၊ ယာဥ်နောက်လိုက် နှင့် ခရီးသည် ဆယ်ဦးခန့် ဒဏ်ရာအချို့ရရှိသွားပြီး ဒဏ်ရာပြင်းထန်သူမရှိကြောင်း သိရှိရသည်။
အဆိုပါကံထူးအောင် မော်တော်ယာဥ်တွင် ခရီးသည် ၄၀ဦး ပါ၀င်ပြီး မနက်ပိုင်းတွင်ပုသိမ်မြို့မှ ရန်ကုန်သို့ထွက်ခွာ
လာပြီး မဲဇလီ အနီးလမ်း အကွေ့တွင်အရှိန်ဖြင့် မောင်းရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#ပုသိမ် #ရန်ကုန်လမ်းပေါ် #ပြေးဆွဲသည့် #ကံထူးအောင်ယာဉ် #တိမ်းမှောက် #ခရီးသည် #ဒဏ်ရာရ
#Ayeyarwaddy_Times