
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၁ရက်
ဧရာဝတီတိုင်း ၊ ဝါးခယ်မမြို့တွင်အောက်တိုဘာလ ၂၁ရက်၊ ညနေ ၃နာရီခန့်က မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၀လုံးခန့်ပျက်စီးဆုံးရှုံးခဲ့ကာ အသက်(၈၀)ကျော်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ဝါးခယ်မမြို့၊ရေကျော်ရပ်ကွက် ၊ကမ်းနားလမ်းရှိ ပေါ်ပြူလာအရုပ်ဆိုင်မှ ပေါဆမီးကြောင့် စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး လမ်းရှိ နေအိမ်များကိုပါ မီးကူးစက်ပြီး လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့မှတ်တမ်းများအရ သိရှိရသည်။
“အိမ်နဲ့ဆိုင်တွေတွဲဖွင့်ထားတာ ကော်ပစ္စည်းတွေနဲ့ဆိုတော့ လောင်အားကောင်းတယ်။ ဒေသခံတွေဝိုင်းကူညီလို့ ဧရာ၀တီဘက်မှာ ဒီတစ်ခါလောင်တဲ့မီးက အကြီးဆုံးပဲလို့ပြောလို့ရတယ်”ဟု မီးသတ်တပ်ဖွဲ့၀င်တစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဝါးခယ်မမြို့မှ မီးသတ်ကားများအပြင် အခြားမြို့နယ်များမှ မီးသတ်ကားများပါ လာရောက်ကူညီခဲ့ရပြီး ဒေသခံပြည်သူ လူထု၏ အကူအညီနှင့် အချိန် ၄ နာရီနီးပါးကြာအောင်ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးစတင်လောင်ကျွမ်းသည့် ပေါ်ပြူလာအရုပ်ဆိုင်မှ အသက် (၈၀)ကျော်အရွယ် ဦးတင်ရွှေ ဆိုသူမှာ မီးလောင်ဒဏ်ရာနှင့်မီးခိုးမွှန်အသက်ရူကြပ်သောကြေင့် သေဆုံးသွားကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်များနှင့်တွဲဖွင့်ထားသောအရုပ်ဆိုင်၊အပေါင်ဆိုင်အလှပြင်ဆိုင် များအပါအဝင် ၁၀လုံးခန့် ဆုံးရူံးခဲ့ပြီး မီးစတင်လောင်ကျွမ်းခဲ့သည့် အကြောင်းအရင်းကို စုံစမ်းစစ်ဆေးနေကြောင်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
#ဝါးခယ်မမြို့ #မီးလောင်မှု #နေအိမ်၁၀လုံးခန့် #ဆုံးရူံး #အသက်၈၀ကျော် #အမျိုးသားတစ်ဦး#သေဆုံး #Ayeyarwaddy_Times