ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်

ယူကရိန်းကျူးကျော်စစ်မှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်လာစေခြင်းအားဖြင့် ရုရှားနိုင်ငံက စစ်ပွဲ ကို အရှိန်မြှင့်နေတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေဆိုင်ဘီဟာက စွပ်စွဲလိုက်ပါတယ်။

“မြောက်ကိုရီးယားနိုင်ငံက စစ်လက်နက်တွေ၊ တပ်ဖွဲ့ဝင်တွေနဲ့ ရုရှားကျူးကျော်မှုကို ကူညီနေပါ တယ်။ ကြေးစားစစ်သားတွေမဟုတ်ပါ။ အမြဲတမ်းတပ်ဖွဲ့တွေပါ” လို့ အန်ဒရေက လူမှုကွန်ရက်မှာ ရေး သားခဲ့ပါတယ်။

ရုရှားကျူးကျော်စစ် အဆုံးသတ်ရေး အနောက်နိုင်ငံတွေက ယူကရိန်းနိုင်ငံကို ပံ့ပိုးကူညီကြဖို့ ၎င်းက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ဒီလအတွင်း ရုရှားအရှေ့ဖျားဒေသသို့ အထူးတပ်ဖွဲ့ဝင် ၁၅၀၀ ခန့် စေလွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ပြောပါတယ်။

ရုရှားစစ်တပ်က မြောက်ကိုရီးယား အထူးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးပြီးပါက ယူကရိန်းနိုင်ငံ ရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွှတ်မယ်လို့ ယူဆရပါတယ်။

“မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ယူကရိန်းစစ်ပွဲမှာ ပါဝင်နေတယ်ဆိုတာကို ကျွန်တော်တို့ အ တည်မပြုနိုင်ပါဘူး” လို့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရုတေးက သတင်းထောက်တွေကို ပြောပါ တယ်။

မြောက်ကိုရီးယား ခြေလျင်တပ်ဖွဲ့ဝင် ၁၁၀၀၀ ခန့်ကို လက်ရှိမှာ ရုရှားနိုင်ငံ၌ လေ့ကျင့်ပေးနေပြီး နိုဝင်ဘာလ ၁ ရက်မရောက်မီ ယူကရိန်းကို တိုက်ခိုက်ဖို့ အဆင့်သင့်ဖြစ်မယ်လို့ ယူကရိန်း ထောက်လှမ်း ရေးအဖွဲ့ အကြီးအကဲ ကိုင်ရီလိုဘူဒါနော့ဗ်က ပြောပါတယ်။

ကိုးကား – NHK
Ref; Ukrainian foreign minister warns of N.Korea’s involvement in Russian invasion

#Ayeyarwaddy_Times