
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၀ ရက်
ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်းပိုင်း၊ ဘလယ်ဒိုကျေးရွာရှိ စစ်ကောင် စီ၏ ကားကင်းစခန်းသုံးခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထပ်မံသိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
ဝေါလေလမ်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွား ၍ အဆိုပါစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ရှင်းလင်းသိမ်းလိုက်ခြင်းဖြစ်ကြောင်း ကော်ဘရာစစ်ကြောင်းနှင့် Venom စစ်ကြောင်းက ယနေ့ အောက်တိုဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်နေ့ကလည်း မြဝတီမြို့တောင်ဘက် လေးကေ့ကော်အနီးရှိ စစ်ကောင်စီ ၏ စွယ်တော်ကုန်းအမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦး ဆောင်သည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် ကော်ဘရာပူးပေါင်းအဖွဲ့များ အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့သည်။
စွယ်တော်ကုန်းအမြောက်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ၁၂၀ မမ နှစ်လက်၊ ပွိုင့် 5 စက်သေနတ် များအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါ အမြောက်ကုန်းဗျူဟာစခန်းကို တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက ခုနစ်လကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး နောက်ထပ် မြဝတီမြို့ရှိ ကာကင်းစခန်းသုံးခုကိုလည်း Venom စစ်ကြောင်းက သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ- Cobra Column 2 Venom
#ကရင် #မြဝတီ #ဝေါ်လေ #ဘလယ်ဒို #စစ်ကောင်စီ #ကာကင်းစခန်း၃ခု #Venom #ကော်ဘရာ #ထပ်မံသိမ်းပိုက် #Ayeyarwaddy_Times