ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၉ ရက်
ယူကရိန်းမှာ ရုရှားနဲ့အတူ တိုက်ခိုက်ဖို့ မြောက်ကိုရီးယားက တပ်ဖွဲ့တွေစေလွှတ်တာ စတင် လိုက်ပြီလို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြောကြားခဲ့ပြီး ဆိုးရွားသော လုံခြုံရေးခြိမ်း ခြောက်မှုတစ်ခုအဖြစ် သတိပေးလိုက်ပါတယ်။
ထောက်လှမ်းရေးသတင်းတွေအရ စစ်ပွဲမှာ မြောက်ကိုရီးယားစစ်သည် ၁၀၀၀၀ အထိ ပါဝင်နိုင် တယ်လို့ ယူဆရကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောကြားခဲ့ပြီး တစ်ရက်အကြာမှာ မြောက်ကို ရီးယားက ရုရှားသို့ တပ်ဖွဲ့တွေ စေလွှတ်တာပါ။
တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုဟာ သောကြာနေ့က လုံခြုံရေးအစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက နည်းလမ်းအားလုံးသုံးပြီး လက်တုံ့ပြန်ရမယ်လို့ ပြောပါတယ်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၅၀၀ အထိ ရုရှားနိုင်ငံမှာ ရောက်ရှိခဲ့ပြီဖြစ်ပြီး တပ်ဖွဲ့ဝင် ၁၂၀၀၀ အထိ ရောက်ရှိလာနိုင်တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက တောင်ကိုရီးယားမီဒီယာတေွ ကို ပြောပါတယ်။
“အခြေအနေကို လျစ်လျူမရှုဖို့နဲ့ နည်းလမ်းအားလုံးသုံးပြီး နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ ပူး ပေါင်း လက်တုံ့ပြန်ဖို့ အစည်းအဝေး တက်ရောက်သူတွေက ဆုံးဖြတ်ခဲ့ပါတယ်” လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။
ရုရှားစစ်တပ်ဟာ မြောက်ကိုရီးယားစစ်သည်တွေနဲ့ တပ်ရင်းတစ်ခုဖွဲ့စည်းခဲ့တယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေက ပြောကြားပြီးနောက် တောင်ကိုရီးယား ထောက်လှမ်းရေး အဖွဲ့က အခုလို စွပ်စွဲလိုက်တာပါ။
မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ဗလာဒီဗော့စတော့၊ ယူဆီရီယတ်ခ်၊ ခါဘာရိုဗက်ခ်နဲ့ ဗလာဂို ဗက်ရှ်နက်ခ်ဒေသရှိ ရုရှားစစ်ဘက်စခန်းတွေမှာ လေ့ကျင့်ပေးနေပါတယ်။
မြောက်ကိုရီးယားနိုင်ငံဟာ အမြောက်ကျည်တွေ၊ ဒုံးကျည်တွေ၊ တင့်ဖျက်ဒုံးကျည်တွေ သယ် ဆောင်လာတဲ့ ကွန်တိန်နာ ၁၃၀၀၀ ကို ရုရှားနိုင်ငံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – BBC
Ref; N Korea to send troops to fight with Russia: Seoul
#Ayeyarwaddy_Times