ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၈ ရက်
လွန်ခဲ့သောတစ်နှစ်က အစ္စရေးနိုင်ငံအပေါ် ရုတ်တရက် တိုက်ခိုက်မှုတွေရဲ့ ပဲ့ကိုင်ရှင် ဟားမာစ် အဖွဲ့ခေါင်းဆောင် ယာရာဆင်ဝါ သေဆုံးမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အတည် ပြုလိုက်ပါတယ်။
“ဟိုလိုကော့ဖြစ်စဉ်နောက်ပိုင်း အစ္စရေးနိုင်ငံသမိုင်းမှာ ကြောက်မတ်ဖွယ်ရာအကောင်းဆုံး အစု လိုက်အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူ၊ ထောင်နဲ့ချီတဲ့ အစ္စရေးပြည်သူတွေကို သတ်ဖြတ်ခဲ့ပြီး ရာနဲ့ ချီတဲ့ ပြည်သူတွေကို ပြန်ပေးဆွဲခဲ့သူကို သူရဲကောင်းစစ်သည်တွေက ယနေ့ သုတ်သင်လိုက်ပြီဖြစ်ပါ တယ်” လို့ နေတန်ယာဟုက ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဟားမာစ်အဖွဲ့ခေါင်းဆောင်ဟောင်း အစ္စမေးဟာနီယာဟာ ဇူလိုင်လက အီရန်ခရီးစဉ်တစ်ခုအ တွင်း လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ယာရာဆင်ဝါက အဆိုပါအဖွဲ့ရဲ့ ခေါင်းဆောင်သစ် ဖြစ်လာခဲ့ပါ တယ်။
ဂါဇာတောင်ပိုင်း ရာဖာမြို့မှာ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း ယာရာဆင်ဝါနဲ့ အခြား စစ်သွေးကြွနှစ်ဉီး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
ယာရာဆင်ဝါက တင့်ကားကျည်တစ်လုံး ထိမှန်ခဲ့တဲ့ အဆောက်အအုံတစ်လုံးအတွင်းသို့ ပြေး သွားခဲ့တာလို့ အစ္စရေးစစ်တပ်က ဆက်ပြောပါတယ်။
DNA စစ်ဆေးချက်တွေ၊ လက်ဗွေရာတွေနဲ့ သွားမှတ်တမ်းတွေအရ သေဆုံးသူဟာ ယာရာဆင် ဝါဆိုတာကို အတည်ပြုခဲ့တာဖြစ်ပါတယ်။
ယာရာဆင်ဝါရဲ့အလောင်းကို ငွေကြေးများစွာ၊ မှတ်ပုံတင်ကဒ်တွေ၊ အခြားပစ္စည်းတွေနဲ့အတူ တွေ့ရှိခဲ့တာလို့ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသတွင်း မကြာသေးမီက တိုက်ခိုက်မှုဖြစ်စဉ်အများစုအတွက် ယာရာဆင်ဝါ က တာဝန်ရှိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“ယာရာဆင်ဝါ သေဆုံးတဲ့နေ့ဟာ အစ္စရေး၊ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် ကောင်းမွန်သော နေ့ရက်တစ်ရက် ဖြစ်ခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Israel confirms death of Hamas leader Yahya Sinwar
#Ayeyarwaddy_Times