ဧရာ၀တီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်‌‌‌ဒေါ်လာ ၄၀၅ သန်းကျော် ကူညီ‌ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။

ဒီပမာဏဟာ မြန်မာနိုင်ငံကို ကူညီနေတဲ့ အလှူရှင်နိုင်ငံအားလုံးထဲမှာ အမေရိကန်နိုင်ငံက အများဆုံးသော အလှူရှင်နိုင်ငံအဖြစ် ရပ်တည်နေပြီး တိုင်ဖုန်းယာဂီ ဘေးသင့်သူတွေကိုလည်း အသက်ကယ်ဆယ်ရေး အကူအညီတွေ ဆက်လက်ပေးအပ်သွားမယ်လို့ ရန်ကုန်မြို့အခြေစိုက် အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ပိုပြီးတောက်ပတဲ့ ငြိမ်းချမ်းသောအနာဂါတ်လမ်းကြောင်းဆီ ဦးတည်သွားမယ့် မြန်မာြပည်သူတွေကို အားပေးထောက်ခံကြောင်းနဲ့ သီတင်းကျွတ်မီးထွန်းပွဲတော်ကို ဂုဏ်ပြုရင်း

မိသားစုဝင်တွေ၊ ချစ်ခင်သူတွေနဲ့ အတူဆင်နွှဲနိုင်ခွင့်တွေ အသစ်တဖန်ရရှိပါစေကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က US သံရုံး Facebook စာမျက်နှာကတဆင့် ထုတ်ပြန်ပါတယ်။

#Ayeyarwaddy_Times #USA #အမေရိကန်သံရုံး #သီတင်းကျွတ်