ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်

ထိုင်ဝမ်ကောင်စစ်ဝန်ရုံးကို မွမ်ဘိုင်းမြို့မှာ ဖွင့်လှစ်ပြီးနောက် ထိုင်ဝမ်အရေးကို သတိထား ကိုင် တွယ်ဖို့နဲ့ ကြားဝင်စွက်ဖက်တာ ရှောင်ကြဉ်ဖို့ တရုတ်နိုင်ငံက အောက်တိုဘာလ ၁၇ ရက်မှာ အိန္ဒိယကို တိုက်တွန်းခဲ့ပါတယ်။

ထိုင်ဝမ်နဲ့ တရားဝင် ဆက်ဆံရေးရှိတဲ့ ဘယ်တိုင်းပြည်ကိုမဆို တရုတ်နိုင်ငံက ဆန့်ကျင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်ဝမ်အစိုးရက အောက်တိုဘာလ ၁၆ ရက်မှာ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့တော်မှာ တတိယ မြောက် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခဲ့တယ်လို့ CAN သတင်းဌာနက ဖော်ပြပါတယ်။ ထိုင်ဝမ်က နယူးဒေ လီနဲ့ ချန်နိုင်းမြို့တော်မှာလည်း ကိုယ်စားလှယ်ရုံးတွေ ဖွင့်လှစ်ထားပါတယ်။

တရုတ်နဲ့အိန္ဒိယဟာ တင်းမာမှုတွေ ဖြေလျှော့ပြီး ဟိမဝန္တာနယ်ခြားဒေသမှာ ပဋိပက္ခတွေ ဖြေ ရှင်းဖို့ ကြိုးပမ်းနေချိန်မှာ ထိုင်ဝမ်က အိန္ဒိယမှာ တတိယမြောက် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်တာပါ။

“ထိုင်ဝမ်က တတိယမြောက် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်တာနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက အိန္ဒိယကို ကန့်ကွက်ထားပါတယ်” လို့ မော်နင်က ပြောပါတယ်။

“တရုတ်တစ်နိုင်ငံတည်းမူဝါဒဟာ အိန္ဒိယနိုင်ငံကပြုလုပ်ခဲ့တဲ့ နိုင်ငံရေး ကတိကဝတ်ဖြစ်သလို တရုတ်-အိန္ဒိယဆက်ဆံရေးရဲ့ နိုင်ငံရေးအခြေခံအုတ်မြစ်လည်း ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ကတိကဝတ်ကို လိုက်နာဖို့၊ ထိုင်ဝမ်အရေးကို သတိထား ကိုင်တွယ်ဖို့နဲ့ ထိုင်ဝမ်နဲ့ တရားဝင် အ ပြန်အလှန် လည်ပတ်မှုပုံစံတွေ လုပ်ဆောင်တာ ရှောင်ရှားဖို့ တရုတ်က အိန္ဒိယကို တိုက်တွန်းတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ကိုးကား – Reuters
Ref; China urges India to handle Taiwan issue cautiously after Mumbai office opening
#Ayeyarwaddy_Times