ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၈ ရက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဗုဒ္ဓဟူးနေ့က ယူကရိန်းသို့ လုံခြုံရေးအကူအညီပေးရေးနဲ့ ပတ်သက်လို့ သမ္မတ ဇီလန်စကီးနဲ့ ဖုန်းပြောဆိုခဲ့ပြီး စစ်ရေးအကူအညီ ဒေါ်လာ ၄၂၅ သန်း ထပ်ပေးဖို့ ကြေညာခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
စစ်ရေးအကူအညီထဲမှာ လေကြောင်းရန်ကာကွယ်ရေးစနစ်၊ ဝေဟင်-မြေပြင်ခွင်းလက်နက်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ ပါဝင်တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအ တွင်း ပြောပါတယ်။
စစ်ရေးအကူအညီအတွက် အမေရိကန်ကွန်ဂရက်နဲ့ အမေရိကန်ပြည်သူတွေကို ကျေးဇူးတင်ရှိ ကြောင်း ဇီလန်စကီးက တယ်လီဂရမ်မှာ ရေးသားခဲ့ပြီး ယူကရိန်းရဲ့ အချက် (၅) ချက်ပါ ‘အောင်ပွဲစီမံ ချက်’ ကို ဂျိုးဘိုင်ဒင်အား ရှင်းပြခဲ့ပါတယ်။
“စစ်လက်နက်တွေ ပူးတွဲထုတ်လုပ်ဖို့ ကျွန်တော် အဆိုပြုခဲ့သလို ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ထပ် မံ လေ့ကျင့်ပေးတာ အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။
ကာကွယ်ရေးဉီးစီးချုပ်အနေနဲ့ ဉရောပခရီးစဉ်အတွင်း နောက်ဆုံးခရီးစဉ်အဖြစ် ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့က ဂျာမနီနိုင်ငံသို့ ရောက်ရှိခဲ့ချိန်မှာ ယူကရိန်းသို့ စစ်ရေးအကူအညီပေးတာကို ကြေ ညာခဲ့တာပါ။
သောကြာနေ့မှာ အမေရိကန်နိုင်ငံသို့မပြန်မီ ဂျိုးဘိုင်ဒင်ဟာ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုး၊ သမ္မတ ဖရန့်ဝေါ်လ်တာစတိန်မီယာတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကိုးကား – NHK
Ref; Biden announces $425 million in military aid for Ukraine
#Ayeyarwaddy_Times