
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်
စစ်ရှောင်ပြည်သူတွေကို ကူညီဖို့နဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းဖို့ ရခိုင်ပြည် နယ်မှာ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု ဘေးကင်းဇုန်တစ်ခု ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ် အသွင်ကူး ပြောင်းရေးအစိုးရ အကြီးအကဲ မိုဟာမက်ယူနွတ်က အဆိုပြုလိုက်ပါတယ်။
ဒါကာမြို့က သူ့ရုံးခန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ် အန်ဒရူးနဲ့ တွေ့ဆုံစဉ် သူက အခုလို အကြံပြုခဲ့တာပါ။
အဆိုပြုထားတဲ့ ဘေးကင်းဇုန်ဟာ ပဋိပက္ခဘေးသင့် အသိုင်းအဝိုင်းတွေအတွက် အကူအညီရရှိဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး မြန်မာအကျပ်အတည်း ဖြေရှင်းရေး ကောင်းမွန်သော စတင်မှုဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဒုက္ခသည်တွေ ဝင်ရောက်မှုကို လျှော့ချမယ်လို့ ၎င်းက ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း အခြေအနေဟာ အကျပ်အတည်းတစ်ခုအဖြစ် အရှိန်မြှင့်လာခဲ့ပြီး ပြည်သူ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာခဲ့ရကာ လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်တယ်လို့ အန်ဒရူးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှ ထောင်ပေါင်းများစွာသော စစ်ရှောင်တွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်း ပြည် သူ ၃ ဒသမ ၁ သန်း အိုးအိမ်စွန့်ခွာခဲ့ရပြီး မကြာသေးမီက ရိုဟင်ဂျာ ၃၀၀၀၀ ဝန်းကျင် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့တယ်လို့ သူက ဆိုပါတယ်။
ရခိုင်ပြည်နယ်အရေး ဖြေရှင်းကြဖို့ အာဆီယံအဖွဲ့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မိုဟာ မက်ယူနွတ်က တောင်းဆိုခဲ့ပြီး ရိုဟင်ဂျာဒုက္ခသည်တွေကို တတိယတိုင်းပြည်များသို့ အခြေချရေး ကုလ သမဂ္ဂမှ ပံ့ပိုးကူညီဖို့ တိုက်တွန်းလိုက်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ စုံစမ်းစစ်ဆေးမှုအပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသားတွေဉီးဆောင်တဲ့ နိုင်ငံ ရေးလှုပ်ရှားမှုတွေကိုလည်း ၎င်းတို့က ဆွေးနွေးခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; Bangladesh government chief calls for UN-backed ‘safe zone’ in Myanmar’s Rakhine
#Ayeyarwaddy_Times