ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ် စုဆောင်းခြင်းခံရသည့် လူငယ်၁၀ဦးသည် စစ်ကောင်စီထံမှ ထွက်ပြေးလွတ်မြောက် လာပြီး တစ်ဦးမှာ တော်လှန်ရေးတပ်ဖွဲ့ကို ဆက်သွယ်၍ ဝင်ရောက်သွားကြောင်း သိရသည်။

ယခု အောက်တိုဘာ ဒုတိယပတ်အတွင်း၌ စစ်ကောင် စီ၏ စစ်မှုထမ်းအမှတ်စဉ် (၅) အတွက် တပ်သားသစ်အဖြစ် စုဆောင်းခံရသည့် ပေါက်ခေါင်းမြို့နယ်အတွင်းမှ လူငယ် ၁၀ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားပြီး ၎င်းတို့ထဲမှ တစ်ဦးသည် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ ဆက်သွယ်ခိုလှုံလာ ကြောင်း သိရသည်။

ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်ခိုလှုံလာသည့် အဆိုပါလူငယ်သည် အုတ်တွင်းမြို့နယ် အမှတ် (၆) တပ်မတော်တန်းမြင့် သင်တန်းကျောင်း (တတက-၆) မှ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်သားသစ်အဖြစ် စုဆောင်းခံရသူ အများစုသည် သင်တန်းကာလ မပြီးဆုံးသေးမီ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ခြင်းခံရပြီး သေဆုံးနှင့် ပျောက်ဆုံးများရှိနေကြောင်း သိရသည်။

စစ်ရေးပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်သို့ တပ်သားစစ် စုဆောင်းခံရသည့် စစ်သင်တန်း ဆင်းများကို စစ်ကောင်စီက အများဆုံးပို့ဆောင်ခဲ့ရာ ထွက်ပြေးသူများပြားသည့်အတွက် လိုက်လံ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း ရခိုင်ဒေသခံများထံက သိရသည်။

ထို့အပြင် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာတိုက်ပွဲတွင်လည်း စစ်သင်တန်းမပြီးဆုံးသေးသည့် သင်တန်းသားသစ်များကို စစ်တိုက်ခိုင်းသည့်အတွက် ကြောက်လန့်ကာ အစုလိုက်အပြုံလိုက် ထွက်ပြေး မှု များရှိကြောင်း သိရသည်။

ပုံစာ- တတက (၆) တွင် စစ်သင်တန်းတက်ရောက်မည့်သူများကို ၂၀၂၄ ဧပြီလအတွင်းက စစ်ကောင်စီတိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက် သွားရောက်ကြည့်ရှုစဉ် (ပုံဟောင်း)

#ပဲခူး #ပြည် #ပေါက်ခေါင်း #စစ်ကောင်စီစစ်မှုထမ်း #သင်တန်းသားသစ် #ထွက်ပြေးလွတ်မြောက် #Ayeyarwaddy_Times