
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၅ ရက်
ပဋိပက္ခဘေးသင့် မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ သြစတြေးလျ လူသားချင်းစာနာမှု မိတ်ဖက် အဖွဲ့မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဒေါ်လာ ၉ သန်း ထောက်ပံ့မယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဌာ နက အောက်တိုဘာလ ၁၄ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ကြေညာခဲ့ပါတယ်။
ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ပြင်းထန်သော ဂယက်ရိုက်ခတ်မှုတွေ ဖြစ်စေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဆိုးရွားလာတဲ့ နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေကို သြစတြေးလျနိုင် ငံက အလွန်အမင်း စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးမှု ပမာဏဟာ ဒေါ်လာ သန်း ၈၈၀ အထိ ရှိလာခဲ့ပြီလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူ ၃ ဒသမ ၄ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၁၈ ဒသမ ၆ သန်းဟာ လူ သားချင်းစာနာမှု အကူအညီ လိုအပ်နေပါတယ်။
သြစတြေးလျနိုင်ငံရဲ့ အကူအညီဟာ ဒေသခံအသိုင်းအဝိုင်းကို ပံ့ပိုးကူညီမှာဖြစ်ပြီး အကူအညီ အ လိုအပ်ဆုံး ပြည်သူတွေနဲ့ အသိုင်းအဝိုင်းတွေကို ရည်ရွယ်တယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
သြစတြေးလျနိုင်ငံဟာ မြန်မာစစ်ကောင်စီထံ မည်သည့် ငွေကြေးမျှ တိုက်ရိုက် မထောက်ပံ့ဘဲ င ငွေကြေးအကူအညီကြောင့် စစ်ကောင်စီကို တရားဝင်မှုမဖြစ်စေရေး လုပ်ဆောင်နေတယ်လို့ ထုတ်ပြန် ချက်က ဆိုပါတယ်။
ကုလသမဂ္ဂ ဗဟိုအရေးပေါ်တုံ့ပြန်မှုရန်ပုံငွေအဖွဲ့ (CERF) မှ မြန်မာ့အကျပ်အတည်း တုံ့ပြန်ဖို့ အ မေရိကန်ဒေါ်လာ ၁၂ သန်း ပံ့ပိုးကူညီတာကို သြစတြေးလျနိုင်ငံ ကြိုဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံဟာ CERF သို့ ရန်ပုံငွေထည့်ဝင်နေတဲ့တိုင်းပြည်ဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၁၁ သန်း ထည့်ဝင်လျက်ရှိတယ်လို့ သိရပါတယ်။
ကိုးကား – https://www.foreignminister.gov.au
Ref; Humanitarian assistance to Myanmar
#Ayeyarwaddy_Times