ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ယနေ့ ကြေ ညာလိုက်ပါတယ်။

မေလနောက်ပိုင်း ထိုင်ဝမ်ကျွန်းဝန်းကျင် ရေပိုင်နက်အတွင် ပထမဆုံးသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက အာဏာရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နေ့အခမ်းအနားမှာ မိန့်ခွန်းတစ်ရပ် ပြောကြားပြီးနောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မယ့်အစီအ စဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုင်ဝမ်ကို ကိုယ်စားပြုခွင့်မရှိဘူးလို့ မိန့်ခွန်းအတွင်း လိုင်ချင် တေးက ထည့်သွင်းပြောခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ရှိ လွတ်လပ်ရေးတပ်ဖွဲ့တွေရဲ့ ခွဲထွက်ရေးလုပ်ဆောင်ချက်တွေ အတွက် သတိပေးမှုတစ်ခုလို့ တရုတ်စစ်တပ်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုဟာ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ အမျိုးသား စည်းလုံးညီညွတ်မှုကို ကာ ကွယ်စောင့်ရှောက်ရာမှာ လိုအပ်တဲ့ တရားဝင် ဆောင်ရွက်မှုလို့ တရုတ်စစ်တပ်က ဆိုပါတယ်။

တရုတ်စစ်တပ်ရဲ့ ရန်စသောလုပ်ရပ်တွေကို ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက အပြင်းအထန် ရှုတ်ချပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့ သင့်တော်တဲ့တပ်ဖွဲ့တွေ စေလွှတ် မယ်လို့ ပြောပါတယ်။

ကိုးကား – NHK
Ref; China’s military says it will conduct drills around Taiwan

#Ayeyarwaddy_Times