ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်

အပြည်ပြည်ဆိုင်ရာဉပဒေကို အခြေခံပြီး တောင်တရုတ်ပင်လယ်အရေးကို ဖြေရှင်းဖို့နဲ့ မြန်မာနိုင် ငံမှာ တိုက်ပွဲတွေ ချက်ချင်း ရပ်စဲကာ ပြည်တွင်းစစ် အဆုံးသတ်ရေး အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပြုလုပ်ကြဖို့ အာဆီယံခေါင်းဆောင်တွေက တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။

တင်းမာမှုတွေ လျှော့ချဖို့၊ နားလည်မှုလွဲမှားစေတဲ့ဖြစ်စဉ်တွေ ရှောင်ရှားနိုင်မယ့် ယုံကြည်မှုတည် ဆောက်ရေး အစီအမံတွေ လုပ်ဆောင်ကြဖို့ အာဆီယံခေါင်းဆောင်တွေက ပန်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်စဲဖို့၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ဖို့နဲ့ မြန်မာကိုယ်တိုင်ဉီးဆောင်တဲ့ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အာဆီယံအဖွဲ့က မေတ္တာ ရပ်ခံပါတယ်။

မြန်မာစစ်တပ်ရဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေကျယ်ပြန့်လာမှုက အာဆီယံအ ဖွဲ့အတွက် အဓိက စိုးရိမ်စရာတစ်ခုဖြစ်ပြီး ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်ကောင်စီရဲ့ အကောင်အ ထည်ဖော်ဆောင်မှုကလည်း တိုးတက်မှုမရှိခဲ့ပါဘူး။

မြန်မာ့လူဉီးရေရဲ့ သုံးပုံတစ်ပုံကျော်ဖြစ်တဲ့ ပြည်သူ ၁၈ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်က အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံက ကမကထပြု လုပ်ခဲ့သော မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အာဆီယံအဖွဲ့က ကြိုဆိုခဲ့ပါတယ်။

ကိုးကား – Bangkok Post
Ref; Asean urges early accord on S.China Sea code, end to Myanmar violence

#Ayeyarwaddy_Times