ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၄ ရက်
လက်ဘနွန်နိုင်ငံအခြေစိုက် ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး ၆၀ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေ က ဖော်ပြပါတယ်။
တနင်္ဂနွေနေ့ညပိုင်းက လုပ်ဆောင်ခဲ့တဲ့ ဟက်ဇ်ဘိုလာအဖွဲ့ရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ အစ္စရေးနိုင် ငံမြောက်ပိုင်း ဟိုင်ဖာမြို့ရဲ့တောင်ဘက် ကီလိုမီတာ ၃၀ ခန့်အကွာ ဘင်ယာမီနာရှိ စစ်ဘက်အခြေစိုက် စခန်းတစ်ခုကို ထိမှန်ခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို ရဟတ်ယာဉ် သို့မဟုတ် လူနာတင်ယာဉ်တွေနဲ့ ပို့ဆောင်နေတာကို တိုက် ခိုက်ခံရတဲ့နေရာက ရုပ်သံဖိုင်တွေက ပြသနေပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ စတင်ခဲ့တဲ့ တိုက်ပွဲတွေနောက်ပိုင်း ယခုဒရုန်းတိုက်ခိုက်မှုဟာ အစ္စရေးနိုင်ငံကို အထိနာစေတဲ့တိုက်ခိုက်မှုလို့ ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျာဇးယားသတင်းဌာန က ဖော်ပြပါတယ်။
အစ္စရေးနိုင်ငံက တိုင်းပြည်တစ်ဝှမ်း Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို ကာကွယ်နေပါတယ်။
ဟက်ဇ်ဘိုလာအဖွဲ့က ဒရုန်းတိုက်ခိုက်ချိန်မှာ အဆိုပါဒုံးခွင်းစနစ်က အလုပ်မဖြစ်ခဲ့ဘူးလို့ ဒေသန္တ ရမီဒီယာတွေက ဖော်ပြပါတယ်။
အစ္စရေးစစ်တပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို လက်တုံ့ပြန်မှုအဖြစ် ဂိုလာနီစစ်စခန်းကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟက်ဇ်ဘိုလာအဖွဲ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ဘက်စခန်းတွေကနေ ခပ်ဝေးဝေးနေကြဖို့ အစ္စရေးပြည်သူတွေကို ဟက်ဇ်ဘိုလာအဖွဲ့က သတိပေးခဲ့ပြီး တိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်မယ်လို့ ဆိုပါတယ်။
ကိုးကား – NHK
Ref; Hezbollah drone attacks in northern Israel leaves 64 casualties
#Ayeyarwaddy_Times