
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
မြန်မာရေတပ်ရဲ့ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်တံငါသည်တစ်ဉီး သေဆုံးမှုကို ဘင်္ဂလားဒေ့ရှ်အ စိုးရက အောက်တိုဘာလ ၁၁ ရက်မှာ ကန့်ကွက်ခဲ့ပြီး ဖြစ်စဉ်နဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်တယ် လို့ ပြောကြားလိုက်ပါတယ်။
“အောက်တိုဘာလ ၉ ရက်မှာ မြန်မာရေတပ်ရဲ့ပစ်ခတ်မှုကြောင့် အသက် ၆၀ နှစ်အရွယ် အူစမန် ဆိုသူ ဘင်္ဂလားဒေ့ရှ်တံငါသည် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ် ကောင်စီထံ ကန့်ကွက်စာတစ်စောင် ပေးပို့ခဲ့ပါတယ်” လို့ တရားဝင် ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဝမ်းနည်းစရာဖြစ်စဉ်နဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိပါတယ်” လို့ ဒါကာမြို့တော်ရှိ မြန်မာသံရုံးသို့ပေးပို့တဲ့ သံတမန်ကန့်ကွက်စာက ဖော်ပြခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရေပိုင်နက်ကို အပြည့်အဝ လေးစားသမှုထားကာ မည်သည့် ရန်စမှုမျိုးမှ ထပ်မဖြစ်အောင် ရှောင်ကြဉ်ရမယ်လို့ ထုတ်ပြန်ချက်က ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်တံငါသည် ၅၈ ဉီးနဲ့ တံငါလှေ ၆ စင်း စိန့်မာတင်ကျွန်းအနီး ငါးဖမ်းနေစဉ် ဖမ်းဆီး ခံခဲ့ရတဲ့ဖြစ်စဉ်ကို အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ မြန်မာရေတပ်ကြား ဆက်သွယ်မှုပြုလုပ်ပြီးနောက် တံငါ သည်တွေနဲ့ ငါးဖမ်းလှေတွေကို အဆင့် (၂) ဆင့်နဲ့ တစ်ဖြည်းဖြည်းချင်း လွှတ်ပေးခဲ့ပါတယ်။
အလားတူ မလိုလားအပ်တဲ့ဖြစ်စဉ်တွေ ထပ်မဖြစ်ရအောင် တားဆီးမယ့် လိုအပ်တာတွေ လုပ် ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာစစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – BSS News
Ref; Dhaka protests Bangladeshi fisherman killing by Myanmar navy
#Ayeyarwaddy_Times