
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှုတိုးမြှင့်ဖို့ မလေး ရှားနိုင်ငံက ကြိုးပမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။
မလေးရှားနိုင်ငံနဲ့ တိုက်ရိုက်၊ တက်ကြွစွာ ထိတွေ့ဆက်ဆံဖို့ အသင့်ဖြစ်ကြောင်း ပြသပြီး မြန်မာ နိုင်ငံက အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ပြသခဲ့တယ်လို့ လာအိုနိုင်ငံမှာကျင်းပတဲ့ ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးမှာ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံခြားရေးဝန်ကြီး မို ဟာမက်ဟတ်ဆန်ကို ညွှန်ကြားခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အာဆီယံအဖွဲ့ ခေါင်းဆောင်ပိုင်းက သဘောတူထားတဲ့ ဘုံသဘောတူညီချက် (၅) ရပ်ရှိပေမယ့် အမြင့်ဆုံးအဆင့်မှာ အလွတ်သဘော ဆွေးနွေးမှုတစ်ခု ရှိမှသာ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပြဿနာ တွေကို ရှင်းပြနိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
(၃) ရက်ကြာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲအတွင်း မြန်မာ့အရေးဟာ အဓိက ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အလေးထား ဆွေးနွေးခဲ့တယ်လို့ ၎င်းက ရှင်း ပြပါတယ်။
မြန်မာစစ်တပ်က ရွေးကောက်ခံ ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပြီးနောက် ပြည်သူ ၆၀၀၀ ခန့် သတ်ဖြတ်ခံရကာ ပြည်သူ ၃ သန်းခန့် အိုးအိမ်စွ့န်ခွာခဲ့ရပါတယ်။
မလေးရှားနိုင်ငံဟာ လက်ရှိမှာ မြန်မာဒုက္ခသည် ၂၀၀၀၀၀ ဝန်းကျင်ကို လက်ခံထားရတယ်လို့ သိရပါတယ်။
ကိုးကား – Bernama
Ref; China and Asean members agree to halt dispute over South China Sea, to use negotiations to resolve matters peacefully
#Ayeyarwaddy_Times