
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၃ ရက်
ဒီနှစ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၃ သန်း ထောက်ပံ့မယ့် အ စီအစဉ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။
အာဆီယံခရီးစဉ် မပြီးဆုံးမီ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ် သူက အခုလို ကြေ ညာခဲ့တာပါ။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယွန်ဆတ်ခ်ယိုက ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်တဲ့ပမာဏကို ယခင်နှစ်ကထက် (၄) ဆအထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလုံခြုံရေးရုံး ဒုတိယညွှန်ကြားရေး မှူး ကင်တေးဟိုက မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ မြန်မာသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်မှုပမာဏဟာ ၂၀၂၂ ခုနှစ်မှာ ဒေါ်လာ ၅ ဒသမ ၆ သန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ ၅ ဒသမ ၈ သန်း ရှိခဲ့ပါတယ်။
ဒီနှစ်မှစတင်ကာ အာရှနဲ့ ပစိဖိတ်ဒေသမှာ ဒီမိုကရေစီ မြှင့်တင်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ပံ့ပိုး ကူညီမယ်လို့ စင်ကာပူရှိ ISEAS – Yusof Ishak Institute က ပြုလုပ်တဲ့ ၄၇ ကြိမ်မြောက် Singapore Lecture မှာ ယွန်ဆတ်ခ်ယိုက ကတိပြုခဲ့ပါတယ်။
ကိုးကား – The Korea Herald
Ref; Yoon unveils $23m humanitarian aid to Myanmar
#Ayeyarwaddy_Times