
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
စစ်ကောင်စီအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်ဖို့က လက်ရှိ မှာ မဖြစ်နိုင်ဘူးလို့ အမေရိကန် ထိပ်တန်းသံတမန်တစ်ဉီးက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်သော ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ လက်ရှိမှာ မဖြစ်နိုင်ဘူးလို့ နိုင်ငံ တကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဘတ်သ်ဗန်ရှက်ခ်က သတင်း ထောက်တွေကို ပြောပါတယ်။
“ဘယ်လိုရွေးကောက်ပွဲကမဆို စစ်တပ်ကို အာဏာပြန်ရစေမှာဖြစ်ပါတယ်” လို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှုအပေါ် အမေရိကန်အစိုးရရဲ့ တုံ့ပြန်မှုကို အ ကြံပေးတဲ့ ၎င်းက ပြောပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း နေ့စဉ်နီးပါး တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွေးကောက်ပွဲတစ်ရပ်ကို ဘယ် လို စီမံခန့်ခွဲမလဲဆိုတာကို တွေးကြည့်ဖို့တောင် ခက်ခဲတယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲကျင်းပမယ့် အစီအစဉ်တွေကို အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်က အောက်တိုဘာလ ၉ ရက်မှာ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲသစ် ကျင်းပဖို့အတွက် လက်ရှိမှာ သန်း ခေါင်စာရင်း ကောက်ယူလျက်ရှိပါတယ်။
မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲ ထပ်မံကျင်းပမယ့် အစီအစဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကို ထောက်ခံတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လအတွင်း ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref’ Free election under Myanmar junta ‘impossible’: US official
#Ayeyarwaddy_Times