
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အခြေခံပြီး အဖြေတစ်ခု ရှာဖို့ အာဆီယံအဖွဲ့ရဲ့ လက်ရှိဉက္ကဌ လာအိုနိုင်ငံနဲ့ ယခင်အလှည့်ကျဉက္ကဌတွေရဲ့ အခန်းကဏ္ဍတွေကို ဗီ ယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းက ချီးကျူးခဲ့ပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ဖော်ဆောင်ရာမှာ တိုးတက်မှု အကန့်အသတ်ရှိတယ် လို့ ၄၄ ကြိမ်နဲ့ ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ ၎င်းက ပြောပါတယ်။
အာဆီယံအဖွဲ့က မြန်မာ့အရေးကို ဖြေရှင်းနိုင်ရေး နည်းလမ်းသစ်တစ်ခု ရှာဖွေကြဖို့လည်း ၎င်း က တောင်းဆိုလိုက်ပါတယ်။
မြန်မာ့အရေးအဖြေကို မြန်မာပြည်သူတွေကသာ ဆုံးဖြတ်သင့်ကြောင်း၊ ပဋိပက္ခ အဆုံးသတ်ရေး၊ အရပ်သားတွေကို အန္တရာယ်မပြုရေး၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ အွန်လိုင်းလိမ်လည်မှုလို ဒေသကို ထိခိုက်စေတဲ့ လုံခြုံရေးကိစ္စရပ်တွေ လျှော့နည်းစေရေး မြန်မာနိုင်ငံမှ သက်ဆိုင်သူတွေကြား တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးမှုနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ အ ဆင်ပြေချောမွေ့စေရေး အာဆီယံအဖွဲ့က တံတားတစ်စင်းလို အခန်းကဏ္ဍမှ ပါဝင်ရမယ်လို့ ၎င်းက ဆိုပါ တယ်။
အာဆီယံဉက္ကဌ လာအိုနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း ဖန်မင်ချင်းက ချီးကျူးခဲ့ပြီး ဘုံသဘောတူညီချက် (၅) ရပ်က မြန်မာနိုင်ငံကို ကူညီဖို့ လမ်းညွှန်မူဘောင် အဖြစ် ဆက်ရှိမယ်လို့ ပြောပါတယ်။
ကိုးကား – VN Express
Ref; Vietnam PM urges ASEAN members to maintain common stance on East Sea
#Ayeyarwaddy_Times