ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်

အိမ်နီးချင်းတိုင်းပြည်တွေက ဩဇာအာဏာအသုံးချပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေရေး ကြိုးပမ်းကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သောကြာနေ့မှာ တိုက်တွန်းခဲ့ ပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်း အထူးသဖြင့် မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာ သန်းနဲ့ချီ တဲ့ပြည်သူတွေဟာ အရေးပေါ်အကူအညီ အလိုအပ်နေတယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သ တိပေးနေစဉ် ၎င်းက အခုလို မေတ္တာရပ်ခံတာပါ။

လူသားချင်းစာနာမှု အကူအညီမရရှိဘဲ ရန်ပုံငွေ မလုံလောက်မှုတွေရှိနေချိန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုတွေကြောင့် မြန်မာစစ်ရှောင်တွေရဲ့ဘေးဒုက္ခ ပိုဆိုးရွားစေခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ အခြေအနေက ရှုပ်ထွေးတဲ့လမ်းကြောင်းပေါ် ရောက်နေပါတယ်။ မြန်မာ့လူဉီးရေ ရဲ့ သုံးပုံတစ်ပုံ ဟာ လူသားချင်းစာနာမှု အကူအညီ အရေးပေါ် လိုအပ်နေပြီး သန်းနဲ့ချီသော ပြည်သူတွေ အိုးအိမ်စွန့်ခွာ ခဲ့ရပါတယ်” လို့ အန်တိုနီယိုဂူတာရက်စ်က အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ ပြောပါတယ်။

မြန်မာဉီးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရှာဖွေမယ့် နည်းလမ်းတွေအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ အာဆီယံဉက္ကဌကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တာကို ကျွန်တော် ထောက်ခံ ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ထိထိရောက် ရောက် ဖော်ဆောင်ရမယ်လို့ ၎င်းက ပြောပါတယ်။

ကိုးကား – https://www.ungeneva.org
Ref; Myanmar is spiralling, warns UN chief in peace call to regional bloc ASEAN

#Ayeyarwaddy_Times