
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၂ ရက်
နျူကလီးယားလက်နက် အဏုမြူဗုံးဒဏ်ခံရပြီး ယင်းမှလွတ်မြောက်လာသူများဖြင့် ဖွဲ့စည်းထားကာ ကမ္ဘာတွင်နျူကလီးယား လက်နက်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေသော ဂျပန်အဖွဲ့ Nihon Hidankyo က ၂၀၂၄ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရရှိကြောင်း ယမန်နေ့တွင် နိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီက ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၁၉၄၅ ခုနှစ် အမေရိကန်က ဂျပန်နိုင်ငံရှိ ဟီရိုရှီးမားနှင့် နာကာဆာကီမြို့တို့တွင် လူသန်းပေါင်းသေကြေရသည့် အဏုမြူဗုံးကြဲတိုက်ခိုက်ချိန်တွင် အသက်မသေဘဲကျန်ရစ်သူများဖြင့်စုဖွဲ့ထားပြီး နျူကလီးယားဆန့်ကျင်ရေး လှုပ်ရှားရေးအဖွဲ့ဖြစ်သည်။
” ဟီရိုရှီးမားနဲ့ နာကာဆာကီမြို့မှ အဏုမြူဗုံးဒဏ်မှ အသက်ရှင်ကျန်ရစ်သူတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအောက်ခြေလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ ဒီအဖွဲ့ကငြိမ်းချမ်းရေးဆုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေသက်သေပြပြီး ကမ္ဘာကြီးမှာ ဒီလက်နက်တွေနောက်မသုံးအောင်ကြိုးပမ်းနေတဲ့အတွက်ရရှိပါတယ်” ဟု နော်ဝေနိုဘယ်ဆုရွေးချယ်ရေးကော်မတီဥက္ကဌက ပြောကြားသည်။
အဆိုပါ ဟီရိုရှီးမားနှင့် နာကာဆာကီမြို့မှအသက်ရှင်ကျန်ရစ်သူများကို Hibakusha ဟုခေါ်သည့် အဖွဲ့ဝင်များဖြစ်ပြီး နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ရန်ကြိုးပမ်းလှုပ်ရှားကာ ဆန္ဒရှိသူများဖြစ်သည်။
လက်ရှိတွင် နျုကလီယားပိုင်ဆိုင်ထားသည့် ရုရှားနိုင်ငံအပါအဝင် မြောက်ကိုရီးယား၊ အီရန်တို့နှင့် ပတ်သက်ပြီး နျူကလီယားလက်နက်အန္တရာယ် စိုးရိမ်နေရချိန်လည်းဖြစ်သည်။
ဓာတ်ပုံ -The Nobel Prize , CNN
#ငြိမ်းချမ်းရေးနိုဘယ်ဆု #နျူကလီယားဆန့်ကျင်ရေး
#ဂျပန်အဖွဲ့ #Nihonhidankyo
#Ayeyarwaddy_Times