ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

မြန်မာပြည်တွင်းစစ်ကို ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေက အလုပ်မဖြစ်တာကြောင့် မြန်မာစစ်ကောင်စီကို ငွေကြေးနဲ့စစ်လက်နက်တွေ ထောက်ပံ့တာမလုပ်ဘဲ တရားဝင်မှုမပေးဖို့ ကုလသ မဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ပြောပါတယ်။

မြန်မာ့အရေးဟာ အခြေအနေ ဆိုးရွားလာခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း အိုးအိမ်စွန့်ခွာရသူ (၃) သန်းကျော် ရှိလာခဲ့ပြီလို့ သူက ဆိုပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ အရပ်သား (၂၀၀၀၀) ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ အမေရိကန် ကွန်ဂရက်အမတ်ဟောင်း အန်ဒရူးက ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ စစ်မြေပြင်မှာ ထောင်နဲ့ချီတဲ့ စစ်သားတွေကို ဆုံးရှုံးခဲ့တာကြောင့် တပ်ဖွဲ့ အင်အား ဖြည့်တင်းဖို့ စစ်မှုထမ်းဉပဒေကို အသုံးချခဲ့တယ်လို့ သြစတြေးလျခရီးစဉ်အတွင်း ၎င်းက ဆိုပါ တယ်။

“စစ်ကောင်စီဟာ အရပ်သားပစ်မှတ်တွေအပေါ် တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ပြီး ရှုံးနိမ့် မှုတွေကို လက်တုံ့ပြန်နေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သား ၅၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပါ တယ်” လို့ သူက ဆက်ပြောပါတယ်။

ဒေသတွင်းနဲ့ ကမ္ဘာ့အင်အားကြီးတိုင်းပြည်တွေက မြန်မာစစ်ကောင်စီအပေါ် ဉပဒေ၊ ငွေကြေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ အန်ဒရူးက တိုက်တွန်းခဲ့ပါတယ်။

ဒေသတွင်း အင်အားကြီးတိုင်းပြည်တွေက မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေနဲ့ စစ်လက်နက်ရပေါက် တွေကို ပိတ်ဆို့တာအပြင် တရားဝင်မှု မပေးဖို့လည်း ၎င်းက တိုက်တွန်းခဲ့ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ တုံ့ပြန်မှုက အလုပ်မဖြစ်တာကြောင့် အရေးပေါ် ထိပ် သီးဆွေးနွေးပွဲတစ်ခု ပြုလုပ်ဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေကို လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ တရားစွဲဆိုကာ အပြည်ပြည်ဆိုင်ရာ ရာ ဇဝတ်ခုံရုံး (ICC) ရှေ့မှောက် ပို့ဆောင်နိုင်ရေးကူညီဖို့ သြစတြေးလျလိုမျိုး တိုင်းပြည်တွေကို ၎င်းက တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – AFP
Ref; UN expert says response to Myanmar war ‘not working’

#Ayeyarwaddy_Times