ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်
တိုင်းပြည်တည်ငြိမ်မှုကို ထိခိုက်စေခဲ့တဲ့ မြန်မာ့အကျပ်အတည်းက အာဆီယံဒေသမှာ လူကုန် ကူးမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဖြစ်စေတယ်လို့ အင်ဒိုနီးရှား နိုင် ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီက ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေဟာ အင်ဒိုနီးရှား အပါအဝင် အာဆီယံနိုင်ငံအားလုံးအတွက် စိုးရိမ်စရာတစ်ခု ဖြစ်လာခဲ့တယ်လို့ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့တော်မှာကျင်းပတဲ့ ၄၄ ကြိမ်နဲ့ ၄၅ ကြိမ် မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲရဲ့ ဘေးပန်းအစည်းအဝေးမှာ ၎င်းက ပြောပါတယ်။
“အွန်လိုင်းငွေလိမ်မှုနဲ့ အွန်လိုင်းလောင်းကစား အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဟာ တိုင်းပြည်အားလုံးအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“မတည်ငြိမ်သော မြန်မာနိုင်ငံကြောင့် ဒေသတွင်းမှာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနဲ့ဆက်စပ် တဲ့ ရာဇဝတ်မှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။
လူကုန်ကူးမှု၊ အွန်လိုင်းလောင်းကစားနဲ့ အွန်လိုင်းငွေလိမ်မှုလိုမျိုး ရာဇဝတ်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့ အာဆီယံနိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့လိုအပ်တယ်လို့ ရတ်နိုမာဆူဒီက ထောက်ပြပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ကိုင်တွယ်ဖို့ ကမ္ဘောဒီးယား၊ မြန်မာ၊ ဖိလစ်ပိုင်တို့နဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ကိုးကား – Antara News
Ref; Myanmar crisis adding to cross-border crime: FMl
#Ayeyarwaddy_Times