
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်
အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်က ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ ယမန်နေ့က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့လို့ လူ ၄၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အမ်ဘာဘာအရပ်က အဘူဆီဖင် ခရစ်ယာန်ဘုရားကျောင်းမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။
ဒဏ်ရာရရှိသူလေးဦးက အရေးပေါ်အခြေအနေဖြစ်ပြီး မီးလောင်ရာနေရာသို့ လူနာတင်ယာဉ် ၃၇ စင်း စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ဝါယာချို့ယွင်းမှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ဒုတိယထပ်ရှိ လေအေးပေးစက်တစ်လုံးမှ မီးလောင်မှု စတင်ခဲ့တာလို့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အီဂျစ် အော်သိုဒေါ့ကျောင်းတော် အကြီးအကဲ ပုပ်တာဝါဒရို့စ်နဲ့ ဖုန်းပြောဆိုမှုတစ်ခုအတွင်း မီးလောင် ကျွမ်းမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းမိတယ်လို့ အီဂျစ်သမ္မတ ဖာတာအယ်လ်စီစီက ပြောပါတယ်။
မီးလောင်မှုဖြစ်ပြီးနောက် ပြည်နယ်အဖွဲ့အစည်းအားလုံးက လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ပေးနေ ကြောင်း သမ္မတ အယ်လ်စီစီက ထပ်လောင်းပြောကြားခဲ့တယ်လို့ သမ္မတရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။
ကိုးကား – Xinhua
Ref; 41 killed, 12 injured in massive church fire in Egypt’s Giza