ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၁ ရက်

မြန်မာအကျပ်အတည်း အဆုံးသတ်ရေး ကြိုးပမ်းမှုအဖြစ် အလွတ်သဘော ဆွေးနွေးပွဲကို လက်ခံ ကျင်းပဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်းခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေး ပထမနေ့ရဲ့ အွန်လိုင်းသတင်းစာရှင်း လင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒက်ဂျ်ဘာလန်ကာက အခုလို ပြောကြားခဲ့တာပါ။

“ကျွန်တော်တို့ရဲ့ အဆိုပြုချက်ကို လက်ရှိ အာဆီယံဉက္ကဌ လာအိုနိုင်ငံနဲ့ နောက်လာမယ့် အာဆီ ယံဉက္ကဌ မလေးရှားနိုင်ငံတို့က ထောက်ခံပါတယ်။ ဒါကြောင့် အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာ့အရေးဟာ အဓိက စိုးရိမ်စရာတစ်ခုဆိုတာကို အာဆီယံခေါင်းဆောင်တွေက ထိပ်သီးဆွေး နွေးပွဲမှာ သဘောတူခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတိုင်းက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးပြန်ရတာကို မြင် တွေ့လိုတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက အရပ်သားတွေကို ပစ်မှတ်ထားတွေ လျှော့ချဖို့ အာဆီယံ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့တယ်လို့ အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သူက ပြောပါ တယ်။

အာဆီယံအဖွဲ့က မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု ဆက်ပြုလုပ်မယ်လို့ အာဆီယံအဖွဲ့ အတွင်း ရေးမှူးချုပ် Kao Kim Hourn က ပြောပါတယ်။

“ကျွန်တော်တို့ အချိန်နဲ့ စိတ်ရှည်သည်းခံမှု လိုအပ်ပါတယ်။ မြန်မာ့အရေးဟာ ရှုပ်ထွေးတာ ကြောင့် မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်ဖို့ မမျှော်လင့်သင့်ပါဘူး” လို့ ၎င်းက အင်တာဗျူးတစ်ခုမှာ ပြော ကြားခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးပို့မှု အရှိန်မြှင့်ဖို့ မျှော်လင့်ပေမယ့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးကြား အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှု ပြုလုပ်နိုင်ရေး အာဆီယံအဖွဲ့က ဆက်လက်ပြီး တွန်းအားပေးမယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bangkok Post
Ref; Thailand offers to host new Myanmar talks

#Ayeyarwaddy_Times