ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်

အာဆီယံအဖွဲ့က ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့လင့်ကစား မြန်မာ့အခြေအနေဟာ မ ပြောင်းလဲခဲ့ဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့အခြေအနေဟာ မပြောင်းလဲဘူးဆိုတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရပ်တည်ချက်ကို ၎င်းက ဖိလစ်ပိုင်မီဒီယာအဖွဲ့ကို ပြောကြားခဲ့တာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဟာ မြန်မာ့အရေး ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေတယ်လို့ သူက ဆိုပါတယ်။

“ဘရူနိုင်းနိုင်ငံမှာကျင်းပတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲကတည်းက ဘုံသဘောတူညီချက် (၅) ရပ်ကို ချမှတ်ခဲ့ပေမယ့် မြန်မာ့အရေး ပြောင်းလဲအောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ မဟာဗျူဟာသစ်တွေ ချမှတ်ဖော်ဆောင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဘုံသဘောတူညီချက် (၅) ရပ်ဟာ အကြမ်းဖက်မှုတွေ ချက်ချင်း အဆုံးသတ်ဖို့၊ စစ်တပ်နဲ့ ဒီမိုက ရေစီအင်အားစုတွေကြား တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေး ကောက်ခံအစိုးရကို ဖြုတ်ချကာ ထောင်ချီတဲ့ တက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းပြီး ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုသံသရာ လည်ခဲ့တာဖြစ်ပါတယ်။

လူထုအခြေခံတဲ့ အာဆီယံအဖွဲ့ရဲ့ မျှော်မှန်းချက်နဲ့ကိုက်ညီစွာ မြန်မာနိုင်ငံရှိ သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အပြုသဘောဆောင်သော ချည်းကပ်မှုတစ်ခု ပြုလုပ်ဖို့ ဖာဒီနန်မားကို့စ်က အစော ပိုင်းမှာ အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ကိုးကား – GMA News
Ref; Marcos: ASEAN finding ways to ‘move forward’ in addressing Myanmar situation

#Ayeyarwaddy_Times