
(ထိုင်းနိုင်ငံက ဒီဇင်ဘာလအတွင်း မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပမည်ဟု ဆို)
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ဆိုးရွာလာတဲ့ မြန်မာပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ မျှော်မှန်းကာ အာ ဆီယံခေါင်းဆောင်တွေဟာ အောက်တိုဘာလ ၉ ရက်က လာအိုနိုင်ငံမှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး နိုင်ငံရေးအဖြေရှာဖို့ ထိုင်းနိုင်ငံက နည်းလမ်းသစ်တစ်ခု အဆိုပြုလိုက်ပါတယ်။
သန်းနဲ့ချီတဲ့ပြည်သူတွေကို အိုးအိမ်စွန့်ခွာစေခဲ့တဲ့ နည်းလမ်းတစ်ရပ်ရှာဖွေဖို့ ဒီဇင်ဘာလအတွင်း အလွတ်သဘော ဆွေးနွေးပွဲတစ်ခု လက်ခံကျင်းပဖို့ ထိုင်းနိုင်ငံက ကမ်းလှမ်းခဲ့ပါတယ်။
“နိုင်ငံရေးအဖြေတစ်ခုရရှိတာကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်” လို့ ထိုင်း၊ နိုင်ငံခြားရေးဝန် ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နီကွန်ဒတ်ဂျ်ဘလန်ကူရာက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေမယ့် ကြိုးပမ်းမှုတွေပြုလုပ်ဖို့ အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံ တွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ထိုင်းနိုင်ငံက အဆင်သင့်ရှိပါတယ်လို့ သူက ဆိုပါတယ်။
အာဆီယံအဖွဲ့က မြန်မာအကျပ်အတည်း ဖြေရှင်းဖို့ ရွေးချယ်စရာ နည်းပါးလာလို့ ကြာသပတေး နေ့ကပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အလွတ်သဘော ဆွေးနွေးပွဲကို လက်ခံကျင်းပဖို့ ထိုင်းနိုင်ငံက အဆိုပြုခဲ့တာပါ။
ငြိမ်းချမ်းရေးကြိုးပမ်းမှုမှာ မြန်မာ့အိမ်နီးချင်းတွေဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ ပါဝင်သင့်တယ်လို့ ထိုင်းနိုင်ငံက ယခင်လတွေမှာ အကြံပြုခဲ့ပေမယ့် နောက်ဆုံးအကြိမ် အဆိုပြုချက်မှာ အာဆီယံအဖွဲ့ရဲ့ အ ခန်းကဏ္ဍကို ကန့်သတ်ထားပါတယ်။
မြန်မာဗိုလ်ချုပ်ကြီးတွေ သို့မဟုတ် ၎င်းတို့ရဲ့အတိုက်အခံတွေကို အလွတ်သဘော ဆွေးနွေးပွဲသို့ ဖိတ်ကြားခြင်းရှိ မရှိ ဆုံးဖြတ်ချက်ဟာ အာဆီယံ အလှည့်ကျဥက္ကဌ လာအိုနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တွေအပေါ် မူတည်လိမ့်မယ်လို့ နီကွန်ဒတ်ဂျ်ဘလန်ကူရာက ပြောပါတယ်။
အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အတိုက်အ ခံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာစစ်ကောင်စီအပေါ် ဖိအားပေးမှုဟာ တိုးတက်မှုမရှိခဲ့ဘူးလို့ အမေရိ ကန် အရှေ့အာရှဆိုင်ရာ ထိပ်တန်းသံတမန် ဒန်နီရယ်ခရစ်တန်ဘရင့်က သတင်းထောက်တွေကို ပြော ကြားခဲ့ပါတယ်။
“မြန်မာစစ်ကောင်စီအပေါ် ဖိအားဆက်ပေးရမယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဒေသတွင်း မိတ်ဖက်တွေကို တိုက်တွန်းပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
မြန်မာစစ်ကောင်စီကို စာနာဖို့နဲ့ အကျပ်အတည်း ဆွေးနွေးရာမှာ သင့်လျော်သော စကားရပ်တွေ ပိုမို အသုံးပြုဖို့ စစ်ကောင်စီ ကိုယ်စားလှယ်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေကို တောင်းဆိုခဲ့တယ် လို့ နီကွန်ဒတ်ဂျ်ဘလန်ကူရာက ဆိုပါတယ်။
တစ်ဖက်သတ် ရွေးကောက်ပွဲကျင်းပဖို့ အချက် (၅) ချက်ပါ လမ်းညွှန်မြေပုံကို အသိအမှတ်ပြုတာ အပါအဝင် မြန်မာစစ်ကောင်စီရဲ့ တောင်းဆိုချက်တွေကို အာဆီယံအဖွဲ့က မလိုက်လျောရဘူးလို့ ထိုင်းသံ တမန်ဟောင်း ကော့ဘတ်ဆတ်ချူတီကူးလ်က ပြောပါတယ်။
ကိုးကား – Reuters
Ref; ASEAN holds summit in Laos as Thailand floats new plan for Myanmar
#Ayeyarwaddy_Times