
ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ ရက်
ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ ရေငန်းကျေးရွာအုပ်စု ၊ အထက်စု ကျေးရွာတွင် အောက်တိုဘာ ၉ ရက်နေ့က သန်ခေါင်းစာရင်းကောက်ယူရာတွင် စာရင်းပြုစုရန် ကွန်ပျူတာ၀ယ်ယူရန်ဟု အကြောင်းပြချက်ဖြင့် ငွေကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
” မြောင်းမြ တစ်မြို့လုံး လိုက်မေးပြီးသွားပြီး ဘယ်ရွာမှ အဲ့လိုမကောက်ဘူး။ သန်းခေါင်စာရင်းက နိုင်ငံတော်က ကောက်တာလေ ဒီတစ်ရွာပဲ ဘာလို့ငွေတောင်းရတလဲ မသိဘူး “ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
ကွန်ပျူတာ၀ယ်ယူရန်အတွက် တစ်အိမ်ထောင်လျှင် ငွေသုံးထောင်ထည့်၀င်ရန်အတွက် အောက်တိုဘာ ၁၀ ရက်နေ့
နောက်ဆုံးထားထည့်၀င်ရန် အုပ်ချုပ်ရေးမှုး၏ အမိန့်ဟုဆိုကာ ကျေးရွာတွင်း လိုက်လံကြေညာခဲ့ကြောင်းသိရသည်။
ဧရာ၀တီတိုင်းရှိ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ ခေါင်းစဥ်အမျိုးမျိုးတပ်ကာ ပြည်သူများထံမှငွေတောင်းခံခြင်း၊ ဒဏ်ရိုက်ခြင်းများကို စိတ်တိုင်းကျပြုလုပ်နေကြပြီး တိုင်ကြားသော်လည်း အရေးယူခြင်းမရှိကြောင်း ဒေသခံများမှပြောသည်။
#မြောင်းမြ #သန်းခေါင်စာရင်း #ကွန်ပျူတာ၀ယ်ရန် #ငွေကောက်ခံ #Ayeyarwaddy_Times