ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၅ ရက်

မလေးရှားအစိုးရက မြန်မာဒုက္ခသည်တွေကိုပေးမယ့် လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း ကုန်ကျစရိတ် တွေအတွက် ပြည်ပကထောက်ပံ့တဲ့ ရန်ပုံငွေတွေကို သုံးစွဲနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။
မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်တွေကို လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းပေးဖို့ အစိုးရက ပြည်သူ့ရန် ပုံငွေတွေ သုံးစွဲမှာမဟုတ်ဖူးလို့ ၄င်းက ပြောပါတယ်။

မြန်မာဒုက္ခသည်တွေက လိုအပ်တဲ့ ကျွမ်းကျင်မှုမရှိတာကြောင့် မလေးရှားအစိုးရက ၄င်းတို့ကို အလုပ်အ ကိုင်နယ်ပယ်မှာ မခန့်အပ်နိုင်သေးဘူးလို့ ဆိုင်ဖူဒင်က ပြောပါတယ်။

“ကျွန်တော်တို့ လက်ရှိမှာ ပြည်ပလုပ်သားပြတ်လပ်မှု ကြုံတွေ့နေရပါတယ်။ စားသောက်ဆိုင်တွေ၊ စက် ရုံတွေနဲ့ ဆောက်လုပ်ရေးနယ်ပယ်မှာ လုပ်သားပြတ်လပ်မှုတွေ ကြုံတွေ့နေရပေမယ့် ဒုက္ခသည်တွေက အခြေခံ ကျွမ်းကျင်မှုမရှိတာကြောင့် အလုပ်ရှင်တွေက သူတို့ကို မခေါ်ချင်ကြပါဘူး” လို့ သူက ဆိုပါတယ်။

“အလုပ်လုပ်ကိုင်ချင်တဲ့ ဒုက္ခသည်တွေအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု အစီအစဉ်တစ်ခု စီစဉ်နေပေမယ့် ပြည်သူ့ရန်ပုံငွေတွေ သုံးစွဲမှာမဟုတ်ပါဘူး။ ရန်ပုံငွေ ဘယ်လိုရနိုင်မလဲဆိုတာ ကျွန်တော်တို့ စဉ်းစားနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အခြားနိုင်ငံတွေ၊ နိုင်ငံတကာအလှူရှင်တွေဆီက ရန်ပုံငွေရရှိနိုင်ဖို့ ကျွန်တော် အကူ အညီတောင်းခဲ့ပါတယ်” လို့ ၄င်းက ပြောပါတယ်။

၂၀၂၂ ခုနှစ် လူငယ်နေ့ အခမ်းအနားတစ်ခုကျင်းပပြီးနောက်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆိုင်ဖူဒင်က အခုလို ပြောကြားခဲ့ပါတာဖြစ်ပါတယ်။

ကာတာနိုင်ငံက အလှူရှင်တစ်နိုင်ငံဖြစ်ပြီး ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ရာ ဒေါ်လာခြောက်သန်းကို ဒုက္ခ သည်တွေရဲ့ ကျန်းမာရေးကိစ္စတွေအတွက် သုံးစွဲခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

ကိုးကား – Bernama
Ref; Malaysia uses foreign funds to train Myanmar refugees