ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၀ရက်
အာရက္ခတပ်တော် AA၏ ထိန်းချုပ်နယ်မြေဖြစ်သော ကျောက်တော်မြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြည်သူ ရှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ အောက်တိုဘာ ၁၀ရက် ညနေ ၄နာရီအချိန်ခန့်တွင် စစ်ကောင်စီက ကျောက်တော်မြို့ကို ဂျက်ဖိုက်တာဖြင့် ဗုံး နှစ်လုံး လာရောက်ကြဲချ တိုက်ခိုက်သည့်အတွက် ပြည်သူ ရှစ်ဦး သေဆုံးပြီး ၁၀ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကျောက်တော်မြို့မဈေးနှင် အထက ၂ကျောင်းဝန်းအတွင်းသို့ စစ်ကောင်စီက ဗုံး နှသ်လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သေတာကမျက်မြင် ရှစ်ဦးရှိတယ်။ ဒဏ်ရာအပြင်းအထန်ရသူတွေကို ဆေးရုံ တင်သွားတယ်။ဘာတိုက်ပွဲ၊ ဘာစစ်ရေးမှမရှိဘူး။ ကျွန်တော်တို့တွေကို တမင်သတ်ချင်လို့ လာကြဲတာ” ဟု ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားပြည်သူ ၁၅ ဦးခန့်သေဆုံးကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီက အောက်တိုဘာ ၈ ရက်နေ့ကလည်း ပေါက်တောမြို့နှင့် ပုဏ္ဏားကျွန်းမြို့များကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။
စစ်ကောင်စီက ၎င်းတို့လက်လွှတ်လိုက်ရသည့် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ ကျောက်တော်မြို့များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ဒေသခံပြည်သူ ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့သည်။
ယခုဗုံးကြဲတိုက်ခိုက်ခံရသည့် ကျောက်တော်မြို့ကို AAက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ရက်နေ့က အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
#ကျောက်တော် #စစ်ကောင်စီ #ဗုံးကြဲ #ဒေသခံ #သေဆုံးဒဏ်ရာရ #Ayeyarwaddy_Times